The Car Addicts

The Car Addicts ကားများအား ရူးသွပ်ခြင်းကို အခြေခံသော၊
လွတ်လပ်သော မီဒီယာ

est 2021

17/10/2026

ပြောတဲ့အတိုင်း တကယ်လုပ်တဲ့ ဆရာသမား အီလွန်

ရှယ်ကြီး 3 စီး 🔥- ထိုင်းမှာ အမြန်ဆုံးထဲပါတဲ့ Supra mk iv- သန့်ပြန့်ထွက်နေတဲ့ Fully restored R32 - 700 hp အထိ တွန်းထားတဲ့...
04/10/2026

ရှယ်ကြီး 3 စီး 🔥

- ထိုင်းမှာ အမြန်ဆုံးထဲပါတဲ့ Supra mk iv
- သန့်ပြန့်ထွက်နေတဲ့ Fully restored R32
- 700 hp အထိ တွန်းထားတဲ့ Monalisa S14

ရှေ့မီးခွက်တစ်ဖက်ကို Air intake ကြီးပြောင်းထားတဲ့ Drag စူပရာက 1/4 mile ကို 7 second တဲ့ xD

Top Secret Full Kit ၊ GTC ဂွေနဲ့ 32 ကလည်း ကြွရွနေတာပဲဗျာ


ကားတစ်စီးက Electric ဖြစ်သွားတိုင်း သမရိုးကျ ပုံစံကနေခွဲထုတ်၊ အလွန့်အလွန်ခေတ်ရှေ့ပြေးစေပြီး history တွေ၊ legacy တွေကို လွ...
03/10/2026

ကားတစ်စီးက Electric ဖြစ်သွားတိုင်း သမရိုးကျ ပုံစံကနေခွဲထုတ်၊ အလွန့်အလွန်ခေတ်ရှေ့ပြေးစေပြီး history တွေ၊ legacy တွေကို လွှတ်ချခဲ့တတ်ကြတဲ့ထဲ Brtis ‌တွေ မပါဘူးဆိုတာကို Bentley က Torcal နဲ့အတူ သက်သေပြသွားတယ်လို့ ဆိုရမပေါ့

Torcal ဆိုတဲ့နာမည်က လက်တင်စကားလုံး "Torquere (Twist)" က ဆင်းသက်လာတာဖြစ်ပြီး The most powerful Bentley တစ်စီးနဲ့ တော်တော်လေး လိုက်ဖက်တယ်

ရုတ်တရက်မှာ Rolls Royce တို့ရဲ့ အသွင်အပြင်နဲ့ တူသယောင်ယောင်ထင်ရပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က Bentley Arnage, Brooklands တို့ကို ပြန်မြင်ယောင်ကြည့်လိုက်မှ Torcal ရဲ့ Design Language က အဲဒီ ခေတ်အခါက လေးထောင့်ကျကျ ဇိမ်ခံကားကြီးတွေကို မှီငြမ်းထားတယ်ဆိုတာ ခံစားမိသွားတာမျိုး

ရှေ့ရှဲကြီးထဲမှာ Bentley ရဲ့ Signature Diamond Pattern ကို အလွှာလွှာ အထပ်ထပ်ဖန်တီးပြီး၊ illuminate ပါလုပ်ထားပေးတော့ တန်ဖိုးကြီး Jewelry Showroom ထဲက စိန်ပွင့်တွေအလား ‌ကြွရွပြီး တလက်လက်တောက်ပနေတာက ဒီကားရဲ့ အရှိန်အဝါတွေထဲက တစ်ခုပဲ

crystal တွေကို ဒီနေ့အထိ traditional hand crafted နည်းလမ်းအတိုင်း ထုတ်လုပ်တဲ့ ဗြိတိန်ရဲ့ နောက်ဆုံးသော authentic crystal maker အဖြစ် ကျန်ရှိနေသေးတဲ့ Cumbria Crystal နဲ့ ပူးပေါင်းကာ Bespoke Crystal တွေ ထုဆစ်ပြီး အဲဒီ Crystal တွေရဲ့ အလင်းပြန်ပုံတွေကိုမှ ပြန်လည်တုပဖန်တီးထားတဲ့ ambient lighting ရဲ့ အလှအပကိုတော့ အတွင်းခန်းထဲမှာ အနုပညာဆန်ဆန် မြင်ရပေဦးမယ်

light source ကို တိုက်ရိုက်မြင်နေရတာမဟုတ်ပဲ crystal တွေကို ဖြတ်လာတဲ့ reflection ကိုသာ မြင်နေရတာမလို့ ဒီလို အတွင်းခန်းထဲမှာ ဇိမ်ခံရတဲ့ အရသာကို ပိုပြီး ပြည့်စုံသွားစေတယ်

Bentley ကတော့ "အဲဒီလို လက်မှုအတတ်ပညာရဲ့ အနှစ်သာရကို digital နည်းပညာတွေနဲ့ ပေါင်းစပ်ဖန်တီးလိုက်တော့မှ ဒီကားဟာ soul တစ်ခုပါပြီး အသက်ဝင်သွားတယ်လို့" ဆိုတယ်။
"တံခါးဖွင့် ဝင်ထိုင်လိုက်တာ၊ Start/ Stop button နှိပ်လိုက်တာကစလို့ Turn signal ရဲ့ tick tock အသံအဆုံး အားလုံးဟာ တန်ဖိုးကြီးတယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်နေစေရမယ်"တဲ့

တံခါးအောက်က puddle light မှာကအစ ဒီတိုင်း bentley logo ကြီး လင်းလာတာမျိုးမဟုတ်ပဲ အဖွင့် အပိတ် angle တစ်ခုစီတိုင်းမှာ reflection ပြန်ပုံကိုလည်း မတူအောင် စဉ်းစားပေးထားတဲ့ detail လေးတွေက "Bentley ဟာ Bentley ပါပဲ"လို့ ဩချရလောက်ရတဲ့အထိ သဘောကျဖို့ကောင်းတယ် Center console ပေါ်က Siganture Diamond Knuriing K**b ကြီးကို လှည့်ပြီး Drive mode ပြောင်းတဲ့အခါ ပြပေးတဲ့ Curved Display ထဲက animation တွေဟာလည်း ထိုနည်း၎င်းပဲ

အဲဒီအပြင် lover seat ရှေ့က passenger display ဆိုတာကိုလည်း မလိုအပ်တဲ့ အပို feature တစ်ခုအဖြစ် ယူဆကြောင်း ပေါ်တင်ပြောပြီး Mulliner နဲ့ပေါင်း၊ စိတ်ကြိုက် customize လုပ်လို့ရတဲ့ wood veneer trim ကြီး ထည့်ပေးထားဆဲပဲ

ဆိုတော့ကာ ဒီနေ့ခေတ် Luxury Automaker တွေအတွက် သိပ်ကိုအန္တရာယ်များတဲ့ Electric Car တစ်စီးထုတ်လုပ်ခြင်းအမှုကို Bentley ကတော့ Torcal နဲ့အတူ အဆင့်အတန်းရှိရှိ၊ မှန်မှန်ကန်ကန်ပဲလုပ်ပြသွားခဲ့တာကို သဘောကျမိပါကြောင်း...

မြန်မာပြည်မှာ V46 လို့‌ခေါ်ကြတဲ့ Pajero mk ii ရဲ့ မျိုးဆက်သစ် Pajero mk iii "ဖားပြုတ်" ကတော့ Pajero တွေအားလုံးမှာ လူကြို...
29/09/2026

မြန်မာပြည်မှာ V46 လို့‌ခေါ်ကြတဲ့ Pajero mk ii ရဲ့ မျိုးဆက်သစ် Pajero mk iii "ဖားပြုတ်" ကတော့ Pajero တွေအားလုံးမှာ လူကြိုက်အများဆုံးမော်ဒယ်‌လို့ ဆိုရပါမယ်။ Mitsubishi ရဲ့ ရွှေခေတ်မှာ ထွက်လာတဲ့ ကားဆိုတော့ အဲဒီခေတ်က Land Cruiser တို့ Prado တို့နဲ့ ယှဉ်ရင်တောင် ဖားပြုတ်ကြီးက တော်တော်လေးကို civilized ဖြစ်ပြီး မောင်းလို့ကောင်းတယ်လို့ နာမည်ကြီးပါတယ်။

1990 ဝန်းကျင်မှာ Mitsubishi က ပြင်သစ်နိုင်ငံ ပါရီမြို့ကနေ ဆီနီဂဲလ်နိုင်ငံ ဒါကာမြို့အထိ ဆာဟာရသဲကန္တာရကြီးကို ဖြတ်‌ကျော်၊ ကီလိုမီတာပေါင်း တစ်သောင်း၊ ရက်ပေါင်း ၁၀ ရက်လောက် ခရီးနှင်ပြီး ပြိုင်ဆိုင်ရတဲ့ Paris Dakar Rally ပွဲမှာ Pajero Evolution rally ကားနဲ့အတူ အနောက်နိုင်ငံတွေက Citroen, VW, BMW စတဲ့ ပြိုင်ဖက်အသင်းကြီးတွေကို ကျော်ကာ ချန်ပီယံဆုကို ငါးကြိမ်ကြိမ်တိတိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကနေ ရလိုက်တဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံတွေက V46 ကနေ ဖားပြုတ် generation ကို ပြောင်းတဲ့အခါ Mitsubishi အ‌တွက် chasis နဲ့ suspension ပိုင်းကို အဆင့်မြှင့်ဖို့ တော်တော်လေး အထောက်အကူပြုနိုင်ခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ ဖားပြုတ်ကို သမရိုးကျ frame ပေါ် body တင်ထားတဲ့ Body on Frame/ Ladder Frame chasis နဲ့ မဟုတ်တော့ပဲ CRV, Harrier တို့လို့ Monocoque/ Unibody ပုံစံကို ပြောင်းပြီး Suspension ကိုပါ Solid axle ကနေ Independent Suspension တွေပြောင်းပစ်လိုက်တာကြောင့် မြို့ထဲမှာ စီးရဝာာငြိမ့်တယ်၊ highspeed အကွေ့တွေမှာ ဆွဲကွေ့ရင် ငြိမ်တယ်၊ ladder frame + solid axle နဲ့ Land Cruiser တွေလို မလူးဘူး ဆိုတဲ့ အားသာချက်တွေရလာတာဖြစ်ပါတယ်။ အဲ့လိုဆိုလို့ V46 တွေလို အကြမ်းပတမ်းမရတဲ့ သာမန်ကာလျှံကာ SUV လေး‌ဖြစ်သွားတယ်ထင်ရင်တော့ မှားသွားပါမယ်။ Mitsubishi ရဲ့ Super Select 4 ကိုလည်း upgrade လုပ်ပေးထားလို့ off road မှာ ဆရာဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းထားနိုင်ခဲ့ပါသေးတယ်။

gen iii ဖားပြုတ်ခေတ်မှာလည်း Dakar Rally မှာ ဆက်ပြိုင်၊ 2001 ကနေ 2007 အထိ ၇ နှစ်တောက်လျှောက်နိုင်ပြီး စုစုပေါင်း ချန်ပီယံ title 12 ခုနဲ့ သမိုင်းမှာ အအောင်မြင်ဆုံး အသင်းအဖြစ် စံချိန်တင်ထားခဲ့တာ ဒီနေ့အထိပါပဲ။

ဖားပြုတ်‌တွေကောင်းကြောင်း စာဖွဲ့တာများသွားပါပြီ။

ဖားပြုတ်မျိုးဆက်ပြီးတော့ 2006 မှာ gen iv ဆက်ထုတ်ပါတယ်။ မြန်မာပြည်မှာ ရှားတဲ့ model ပါ။ တခြားနိုင်ငံတွေမှာလည်း Land Cruiser 200, Prado တို့ရဲ့ Toyota ဖြစ်ပြီးနာမည်ကြီးတဲ့ အချက်ကိုတော့ မကျော်နိုင်ပါဘူး။ ဒါပေမယ့် Owner Forum တွေလိုက်ဖက်ကြည့်ရသလောက် Toyota တွေကို ကျော်ပြီး Pajero ရွေးလိုက်တဲ့လူတိုင်းကတော့ Pajero မှ Pajero ဖြစ်သွားကြတာ တွေ့ရပါတယ်။

အဲဒီလိုနဲ့ gen iv ကို 2006 ကနေ 2021 အထိ 15 နှစ်ကြာအောင် ဆွဲဆန့်ပြီး ထုတ်ခဲ့ပေမယ့် ရောင်းအားတွေကျပြီး Mitsubishi ကိုယ်တိုင်ကိုက ယိုင်နဲ့နဲ့ ဖြစ်လာတာကြောင့် 2021 မှာ Pajero ထုတ်လုပ်မှု အပြီးတိုင် ရပ်ပြီလို့ ကြေငြာပါတယ်။

၅ နှစ်ကြာပြီးတဲ့နောက်မှာတော့ ပဉ္စမမျိုးဆက်နဲ့အတူ Pajero တွေကို ပြန်လာပြီလို့ ပြီးခဲ့တဲ့အပတ်ကပဲ Mitsubishi က ထပ်မံကြေငြာခဲ့ပါတယ်။

ဒီတစ်ခါတော့ Unibody ကနေ Mitsubishi Pajero Sport ရဲ့ Ladder Frame ကို ပြန်လည် ပြင်ဆင်ပြီး Toyota Land Cruiser 250 Prado, Ford Everest တို့နဲ့ ယှဉ်ပြိုင်မယ့် Body on Frame SUV အဖြစ်နဲ့ ထုတ်မယ်လို့ဆိုပါတယ်။

200 hp ထွက်မယ့် 2.4L Turbo Diesel ကိုမှ 8 speed auto နဲ့လာပါမယ်။ front independent suspension ၊ rear live axle ၊ Super all wheel Control + Super Select 4WD II ဖြစ်လို့ Center and Rear Differential Lock တွေပါ ပါပါမယ်။

ရုပ်ထွက်နဲ့ အတွင်းခန်းကလည်း တော်တော်လေးကို သားသားနားနားရှိပါတယ်။

ထုတ်တာက ထိုင်းမှာ ထုတ်မှာပါ။

ထိုင်းရဲ့ Pajero Sport က review တွေကောင်းတဲ့အပြင် စီးကြည့်တာလည်း မဆိုးလှတော့ ဒီ formula ပေါ်မှာပဲ အခြေခံပြီး Pajero အထိဖြစ်အောင် မှန်မှန်ကန်ကန် လုပ်နိုင်ရင်တော့ တော်တော်လေး အလားအလာရှိတဲ့ SUV တစ်စီးလို့ ယူဆရပါကြောင်း...


Bugatti ရဲ့ one off program "Solitaire" ကနေ ဖန်တီးပေးထားတဲ့ တတိယမြောက် မော်ဒယ်Legendary W16  ကို ဘီးတပ်ထားတဲ့ ကားကြီး လိ...
16/09/2026

Bugatti ရဲ့ one off program "Solitaire" ကနေ ဖန်တီးပေးထားတဲ့ တတိယမြောက် မော်ဒယ်

Legendary W16 ကို ဘီးတပ်ထားတဲ့ ကားကြီး လို့ တင်စားရတဲ့ Bugatti Bolide ပေါ်မှာ အခြေခံပြီး သားသားနားနားဖြစ်အောင် luxury touch လေးတွေ ပြန်ထည့်ပေးထားတဲ့ ကားတစ်စီး။

8L 16 လုံးထိုး တာဘိုလေးလုံးတပ် အင်ဂျင်ကြီးက ၂၅ နှစ် သက်တမ်းရှိပြီ ဖြစ်သော်ငြား powerful ဖြစ်မြဲ၊ ဖြစ်ဆဲပဲ။

Destrier ဆိုတဲ့ ဥရောပသမိုင်းထဲက Medieval Knight သူရဲကောင်းများရဲ့ စီးတော်မြင်းတွေ ဆီက ဆင်းသက်လာတဲ့ နာမည်နဲ့ သိပ်ကိုမှ အံဝင်ခွင်ကျရှိတယ်။

MMA Fighter တစ်ယောက်နဲ့တင်စားရရင်‌တော့ Bolide က ကြိုးဝိုင်းထဲမှာ ထိုးဖို့သွေးဆူနေတဲ့ ပုံစံဖြစ်ပြီး ဒီ Destrier ကတော့ ထိုးပွဲမတိုင်ခင် trash talk မှာ အကောင်းစား suit and tie ဝတ်ကာ စင်ပေါ်တက်လာတဲ့ အသွင်အပြင်မျိုးလို့ ဆိုရမယ်။

အပြာခပ်ရင့်ရင့် Sapphire Celeste အရောင်က ဒီကားကြီးရဲ့ ဘော်ဒီအချိုးအကွေ့တွေနဲ့ တော်တော်လေး ပနံသင့်ပြီး copper အမျှင်လေးတွေ ထည့်ချုပ်ထားတဲ့ 3d knitted brown leather interior ကလည်း full racing suit ဝတ်ပြီး ဝင်ထိုင်ဖို့တောင် နှမြောမိမယ့် အခင်းအကျင်းဖြစ်နေပြန်တယ်။

Bugatti ရဲ့ပင်တိုင် chieft designer Frank Heyl က "ဒီကားဟာ ဦးနှောက်နဲ့ နားလည်ဖို့မဟုတ်ပဲ နှလုံးသားနဲ့ ခံစားရမယ့် ကားတစ်စီးလို့" ဆိုလေရဲ့။

"နောက်‌နောင် ဆယ်စုနှစ်များစွာ ကြာပြီးလို့ humanoid robot တွေ၊ autonomous car တွေကြီးစိုးလာခဲ့ရင်တောင် ဒီ Destrier ဟာ လူသားမျိုးနွယ်ရဲ့ သမိုင်းမှတ်ကျောက်တစ်ခုအဖြစ် အသိအမှတ်ပြုခံနေရဦးမယ့် ကားလို့ ယုံကြည်တယ်လို့" Bugatti-Rimac ရဲ့ CEO Mate Rimac က ချီးမွမ်းခန်းဖွင့်ပြန်တယ်။


ကျွန်တော်တို့ page ကို Tiktok မှာလည်း follow လုပ်ထားနိုင်ပါတယ်ခင်ဗျားTiktok နဲ့ပိုကိုက်တဲ့ ကြည့်လို့ကောင်းမယ့် reels တွေ...
15/09/2026

ကျွန်တော်တို့ page ကို Tiktok မှာလည်း follow လုပ်ထားနိုင်ပါတယ်ခင်ဗျား

Tiktok နဲ့ပိုကိုက်တဲ့ ကြည့်လို့ကောင်းမယ့် reels တွေ၊ short content လေးတွေ ခပ်စိတ်စိတ် တင်ပေးသွားဖို့ရှိပါတယ် Facebook မှာကတော့ အရင်လိုပဲ article နဲ့ video အရှည်တွေဆက်တင်ပေးနေပါဦးမယ်ဗျာ။

https://www.tiktok.com/.car.addicts.burma?_r=1&_t=ZS-99kpmMTyCXg

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က super/hypercar တွေကို အမှီလိုက်နိုင်တဲ့ performance မျိုးက အခုခေတ်မှာ မှိုလိုပေါက်လာတဲ့ ဒေါ်လာသ...
14/09/2026

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က super/hypercar တွေကို အမှီလိုက်နိုင်တဲ့ performance မျိုးက အခုခေတ်မှာ မှိုလိုပေါက်လာတဲ့ ဒေါ်လာသောင်းဂဏန်းတန် တရုတ်ထုတ် လျှပ်စစ်ကားတွေမှာလည်း ပေါပေါပဲပဲ ရနိုင်နေပြီမလို့ တကယ့် ဒိတ်ဒိတ်ကြဲ hypercar maker ကြီးတွေက သူတို့ရဲ့ကားတွေကို "အနုပညာမြောက် ရုပ်ဝတ္ထုများ" အဖြစ်သို့ ပြောင်းလဲ ပုံဖော်လာကြချိန်မှာ အမေရိကန် တက္ကဆက်အခြေစိုက် Hennessy ကလည်း Blackbird လို့နာမည်ပေးထားတဲ့ limited edition hypercar တစ်စီးကို အချိန်ကိုက် ချပြလာခဲ့ပြန်ပါတယ်

ကောင်းဘွိုင်ဦးထုပ်ဆောင်း၊ Wrangler denim jeans ကို ဂိုက်ဆိုဒ်အပြည့်ဝတ်ကာ အမေရိကမှာ ဂုဏ်ယူစွာ ထုတ်လုပ်သော မီလီယံ‌ဒေါ်လာတန် ဟိုက်ပါပြိုင်ကားကြီးရဲ့ Horsepower ထောင်ချီထွက် V8 အင်ဂျင်ကြီးကို ဖိနင်းချလိုက်တဲ့အခါ နောက်ဘီးတွေကတစ်ဆုံးယက်ပြီး 200 miles per hour အထိ တစ်ဟုန်ထိုး တက်သွားလေ့ရှိတဲ့ Hennessy တို့ရဲ့ ကြမ်းကြမ်းရမ်းရမ်းအစဉ်အလာကနေ ခွဲထွက်၊
pacific coast လို အမေရိကရဲ့ scenic road တွေမှာ အရသာခံမောင်းနှင်ရတဲ့ ရိုမန့်တစ်ဆန်ဆန် အတွေ့အကြုံမျိုးကို ဦးတည်တဲ့ အနုအရွ အလှအပ hyper grand tourer တစ်စီး ဆိုတာကတော့ ဒီကားရဲ့ အသွင်အပြင်ကို ကြည့်ရုံနဲ့တင် သိနိုင်မှာပါ

Blackbird ဆိုတဲ့အမည်ဟာ စစ်အေးခေတ်ကာလတွေမှာ အမေရိကန်လေတပ်ရဲ့ ကမ္ဘာ့အမြန်ဆုံး lockheed martin SR71 Blackbird hypersonic ဂျက်လေယာဉ်ကနေ ဆင်းသက်လာတာဖြစ်တဲ့အလျောက် ကားရဲ့ ဘော်ဒီလိုင်း အချိုးအကွေ့တွေမှာလည်း SR71 လေယာဉ်ကြီးရဲ့ design influence တစ်ချို့ကိုတွေ့ရမှာဖြစ်ပါတယ်

Looks တစ်ခုထဲပဲ အထာကျနေတာတော့လည်း မဟုတ်ပြန်ပါဘူး Venom GT, F5 တို့မှာ V8 Twin Turbo တွေသုံးလာရာက Blackbird မှာတော့ 6.2 L N/A Cross Plane Cranked V8 ကြီးတစ်လုံးကို အသစ်စက်စက် Develop လုပ်ထားပြီး Redline ကိုလည်း 9,000+ rpm အထိဆွဲတင်ပေးထားပါသေးတယ် hybrid တွေ forced induction တွေအကုန်လုံးကို သတ္တိရှိရှိ လွှတ်ချခဲ့တာတောင်မှ ဒီ high revving အင်ဂျင်ကြီးက 850 hp အထိ ထုတ်ပေးပြီး the most powerful production n/a V8 အဖြစ်စံချိန်တင်ပြန်ပါတယ် အဲဒီလို powertrain setup ကို 6 speed gated manual transmission + RWD နဲ့တွဲဖက်ပေးလိုက်တဲ့အခါမှာတော့ Classic Italian Recipe တစ်ခုကို ပြန်လည်တုပဖန်တီးထားတဲ့ ကောင်းဘွိုင်တို့ရဲ့ ကြိုးပမ်းမှုဟာ လှလှပပပဲ အောင်မြင်သွားတယ်လို့ ဆိုရမှာပါ

Hennessy အနေနဲ့ တစ်ဖက်မှာ Bugatti တို့ Koenigsegg တို့နောက်ကို ထပ်ချက်မကွာ အမှီလိုက်နေပြီး ဒီဖက်မှာလည်း GMA, De Tomaso တို့လို ခေတ်သစ် Analog ပြိုင်ကားတွေရဲ့ စံနှုန်းနဲ့ ကောင်းကောင်းကြီး ပြည့်မှီတဲ့ ကားတစ်စီးကို ထုတ်ပြသွားတာက သိပ်ကိုမှ သဘောကျဖို့ ကောင်းပါကြောင်း


Formula 1 ဒီနှစ် မလေးရှားလာမည် မလေးရှားမှာလုပ်တဲ့ Grand Prix ဆိုသော်ငြား Malaysian Grandprix မဟုတ်ပဲ Bharain Grand Prix ...
03/08/2026

Formula 1 ဒီနှစ် မလေးရှားလာမည်

မလေးရှားမှာလုပ်တဲ့ Grand Prix ဆိုသော်ငြား Malaysian Grandprix မဟုတ်ပဲ Bharain Grand Prix in Malaysia လို့ အမည်တပ်ထားတာတွေ့ရမှာပါ

Bahrain နိုင်ငံက သူတို့ရဲ့ 2026 Bharain Grand Prix ကို middle east ပဋိပက္ခတွေကြောင့် ဖျက်သိမ်းလိုက်ရတဲ့အတွက် မလေးရှားဆီက Sepang International Circuit ကို ငှားရမ်းပြီး Bharain GP ကို ပြန်လည်အစားထိုးကျင်းပပေးတာဖြစ်ပါတယ်

မလေးရှားကလည်း စင်ကာပူအထက်အရင် 1999 ခုနှစ် (Halo တောင် မပေါ်သေးခင်) တည်းက စပြီး 2013 အထိ Malaysian Grand Prix ကို Sepang မှာပဲ 14 နှစ်တောက်လျှောက် လက်ခံကျင်းပခဲ့ဖူးပါတယ် တခြားသော နာမည်ကြီး F1 ကွင်း တွေနဲ့ ယှဉ်ရင် Sepang က တော်တော်လေးသစ်သေးသလို Lord of the Rings လို့တင်စားကြတဲ့ ခေတ်သစ် Formula 1 Circuit များစွာကို ဒီဇိုင်းဆွဲပေးခဲ့သူ ဂျာမန်အင်ဂျင်နီယာ Hermann Tilke ရဲ့ အစောဆုံး လက်ရာတွေထဲကတစ်ခုလည်းဖြစ်ပါတယ်

ဒီဘဲကြီးက
Shanghai International Circuit,
Yas Marina Circuit (Dubai)
Istanbul Park Circuit (Turkey)
Bahrain International Circuit
Circuit of the America (Texas)
Baku City Circuit (Azerbaijan)
Las Vegas Strip Circuit
Jeddah Corniche Circuit (Saudi Arabia)
တို့ကို track layout ကစလို့ paddock, pit area တွေအထိအစအဆုံး ground up ဒီဇိုင်းဆွဲပေးခဲ့ပြီး Nurburgring GP circuit,
Redbull Ring (Austria)
Hockenheimring တို့ကို နာမည်ကျော် track တွေရဲ့ အန္တရာယ်များတဲ့ နေရာတွေကို modern safety standards တွေနဲ့ ကိုက်ညီအောင် ပြန်လည် ပြင်ဆင်တဲ့နေရာမှာလည်း ပါဝင်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်

5.543 km အရှည်ရှိတဲ့ Sepang International Circuit ကို အဓိက high speed straight ကြီးနှစ်ခု၊ အကွေ့ပေါင်း ၁၅ ခုနဲ့ ဖွဲ့စည်းထားတာပြီး
Top speed 330 km/h၊ trail braking နဲ့ဆွဲကွေ့ရမယ့် long corner တွေမှာတော့ Lateral G force 4 g အထိ ရှိမှာဖြစ်ပါတယ် Track width ကလည်း တခြားသောကွင်းတွေနဲ့ယှဉ်ရင်သိသိသာသာပိုကျယ်တာကြောင့် Driver တွေကို ကွေ့တွေမှာ မတူတဲ့ racing line တွေ ယူပြီး overtake ဖို့ အခွင့်အရေးပေးနိုင်ပေမယ့် ideal racing line ကို တစ်သမတ်တည်း သတ်မှတ်ဖို့ ခက်တာကြောင့် qualifying မှာတော့ ခေါင်းခဲရမယ့် ကွင်းတစ်ကွင်းလို့ဆိုရင်လည်း မမှားပါဘူး

ဒါတွေအားလုံးထက် Sepang ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ အင်မတန်ပူပြင်းလှတဲ့ ရာသီဥတုနဲ့ အချိန်အခါမရွေးရွာချတတ်တဲ့ မိုး ပဲ ဖြစ်ပါတယ် မလေးရှားဟာ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အ‌လျောက် ပြင်ပအပူချိန်က 30° အထက်မှာ ရှိပြီး ကားထဲက c**k pit အပူချိန်ကတော့ 70° အထိရှိတာကြောင့် sauna c**kpit လို့တောင် တင်စားကြရတဲ့အထိပါပဲ အဲဒီလိုအပူချိန်ကိုမှ စိုထိုင်းဆ ကပါ များလေတော့ ပြိုင်ပွဲ မိနစ် ၉၀ အတွင်းမှာ Driver တွေဟာ အဆမတန်ချွေးထွက်ရာကတစ်ဆင့် bodyweight ရဲ့ 5% အလေးချိန်အားဖြင့် 4kg လောက် ဆုံရှုံးလေ့ရှိပါတယ်

ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ နွေခေါင်ခေါင်မှာ မိုးအပြင်းအထန်ရွာချပြီး ရာသီဥတုက ပိုလို့တောင်ဆိုးရွားသွားတာကိုလည်း ကြုံရနိုင်ပါသေးတယ် 2009 Malaysian Grand Prix မှာ အဲ့ဒီလို မထင်မှတ်ပဲ ရွာချလိုက်တဲ့ မိုးကြောင့် ပွဲကို အဆုံးထိတောင် မပြိုင်လိုက်နိုင်ပဲ ဖျက်သိမ်းလိုက်ရတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်

ဆိုတော့ ပူလွန်းရင်လည်း လမ်းအပူချိန်ကြောင့် tyre degradation ကို ကြောက်ရသလို မိုးရွာပြန်ရင်လည်း wet tyre တွေနဲ့ ပြိုင်ပွဲလမ်းပေါ်မှာ အသည်းအသန် ထိန်းမောင်းရမယ့် အခက်အခဲတွေက Sepang ရဲ့ အဓိက စိန်ခေါ်မှုပါပဲ

လက်ရှိအထိ အမြန်ဆုံး lap record နဲ့ most wins ကိုတော့ Vettel က သိမ်းပိုက်ထားပြီး နောက်ဆုံး Malaysian Grand Prix ကို လက်ခံကျင်းပခဲ့တဲ့ 2013 မှာတော့ Max က Redbull နဲ့အတူ အနိုင်ရထားပါတယ် အများဆုံးအနိုင်ရထားတဲ့ Team ကတော့ Ferrari ပါ
သို့သော် ယခု season ရဲ့ driver တွေထဲက
Charles Leclerc
Lando Norris
George Russell
Isack Hadjar
Osacr Piastri
Kimi Antonelli တို့ဟာ Sepang မှာ ပြိုင်ဆိုင်ဖူးတဲ့အတွေ့အကြုံ လုံးလုံးမှကို မရှိသေးဘူးဆိုတော့ကာ 13 နှစ်အကြာမှ Sepang International Circuit ကို ပြန်လည်ရောက်ရှိလာတဲ့ Formula 1 Bahrain Grandprix in Malaysia က‌တော့ ကြည့်လို့ကောင်းဦးမယ့် ပွဲတစ်ပွဲလို့ ယူဆမိပါကြောင်း



27/07/2026

civic လေးတွေကို 4 cyl hatchback အသေးလေးတွေဆိုပြီး သွားရှုပ်ရင်တော့ အခုလို မီးပြန်မှုတ်ပြလိုက်လိမ့်မယ်ဗျား xD

Rpm 4000 ကျော်တာနဲ့ ဘောနက်အောက်ကနဂါးကြီး နိုးလာ၊ Vtec kick in yo သွားပြီး လှစ်ခနဲ ပြေးမယ့် Pocket rocket လေးတွေ

25/07/2026

Smokey ကြီးနှင့် သူ၏ Top Secret JDM များ 🔰💛

Address

Incheon

Website

Alerts

Be the first to know and let us send you an email when The Car Addicts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category