Suzuki Myanmar Motor

Call Directions Website

Suzuki Myanmar Motor Suzuki Myanmar Motor Co., Ltd., are Automobile Manufacturer in Myanmar.

Maintenance Check လုပ်ဖို့အတွက် ဘယ်လမ်းကသွားရင် အမြန်ရောက်မလဲ?SUZUKI ကားလေးကို ပုံမှန် Maintenance Check လုပ်ဖို့ Servic...
31/10/2026

Maintenance Check လုပ်ဖို့အတွက် ဘယ်လမ်းကသွားရင် အမြန်ရောက်မလဲ?

SUZUKI ကားလေးကို ပုံမှန် Maintenance Check လုပ်ဖို့ Service Center ကို သွားကြရအောင်။

လမ်းကြောင်း ၃ ခုထဲက Service Center ကို အမြန်ဆုံးရောက်နိုင်မယ့် လမ်းကို ရွေးချယ်ပြီး Comment မှာ ဖြေခဲ့ပေးပါဦး။

လူကြီးမင်းတို့နဲ့ နီးစပ်ရာ SUZUKI Authorized Service Center တွေရဲ့ လိပ်စာကို အောက်ပါ Link ထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer




Drive Belt ကို ပုံမှန် စစ်ဆေးဖို့ လိုအပ်ရဲ့လား?အင်ဂျင်လည်ပတ်နေချိန်မှာ Alternator, Water pump နဲ့ Aircon compressor တို့...
27/10/2026

Drive Belt ကို ပုံမှန် စစ်ဆေးဖို့ လိုအပ်ရဲ့လား?

အင်ဂျင်လည်ပတ်နေချိန်မှာ Alternator, Water pump နဲ့ Aircon compressor တို့ လည်ပတ်နိုင်အောင် Drive Belt က ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။

Drive Belt ကိုတော့ အဓိကအားဖြင့် ရာဘာဖြင့် ပြုလုပ်ထားတဲ့အတွက် အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ Drive Belt မှာ မာကျောလာခြင်း၊ အက်ကွဲကြောင်းဖြစ်လာခြင်းနဲ့ တင်းအားလျော့လာခြင်းတွေ ဖြစ်နိုင်တာကြောင့် ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

Drive Belt လျော့နေရင် (ဒါမှမဟုတ်) ဟောင်းနွမ်းနေရင် ဘာတွေဖြစ်လာနိုင်မလဲ?
- အင်ဂျင်ခန်းမှ ပုံမှန်မဟုတ်တဲ့ အသံထွက်ခြင်း
- ဘက်ထရီအားဝင်မှု မလုံလောက်ခြင်း
- ကားအဲကွန်း အေးမြမှု လျော့ကျခြင်း
- အင်ဂျင် Overheat ဖြစ်စေနိုင်ခြင်း စတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အဆိုးဆုံးအနေဖြင့် ကားမောင်းနေစဉ် ရုတ်တရက် Drive Belt ပြတ်သွားတဲ့အခါမှာ ဆိုရင်တော့ ကားဘက်ထရီကို အားပြန်မဝင်တော့ခြင်း၊ ကားအဲကွန်း လုံးဝမအေးတော့ခြင်း၊ အင်ဂျင် Overheat ဖြစ်ခြင်းနဲ့ အင်ဂျင်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

ကားကိုမောင်းနှင်အသုံးပြုမှု နည်းနေပေမယ့်လည်း အချိန်ကြာလာတဲ့ Drive Belt တွေမှာလည်း ဘတ်ကြိုးရဲ့ တင်းအားနဲ့ ကြံ့ခိုင်မှုအခြေနေကို စစ်ဆေးထားဖို့ အရေးကြီးပါတယ်။

ဒါကြောင့် Drive Belt ပြတ်သွားတဲ့အထိ စောင့်မနေဘဲ လူကြီးမင်းတို့ရဲ့ကားကို Periodic Maintenance ပြုလုပ်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Center တွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်တွေကို အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




ဆီမီးထွန်းညှိ၊ ဆုမွန်ခြွေ၊ မေတ္တာအလင်း တောက်ပစေ။သီတင်းကျွတ်အခါသမယလေးမှာ ကိုယ်ချစ်ရတဲ့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းမ...
26/10/2026

ဆီမီးထွန်းညှိ၊ ဆုမွန်ခြွေ၊ မေတ္တာအလင်း တောက်ပစေ။

သီတင်းကျွတ်အခါသမယလေးမှာ ကိုယ်ချစ်ရတဲ့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ ပျော်ရွှင်နွေးထွေးတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း SUZUKI Myanmar Motor မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့အတူ လိုရာဆန္ဒများ ပြည့်ဝပြီး ဘေးကင်းလုံခြုံပျော်ရွှင်ဖွယ်ရာ ခရီးစဉ်လေးများကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေ။



24/10/2026

သီတင်းကျွတ်အားလပ်ရက်တွေမှာ ခရီးသွားကြမယ့် လူကြီးမင်းတွေအနေနဲ့ ယာဉ်အန္တရာယ်ကင်းဝေးတဲ့ ခရီးစဉ်တွေကို ပိုင်ဆိုင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ဒါကြောင့် ပျော်ရွှင်စရာခရီးစဉ်တွေကို ဖြတ်သန်းပြီးတဲ့အခါမျိုးမှာ ကားရဲ့ အခြေအနေကို ပြန်လည်စစ်ဆေးဖို့လည်း မမေ့သင့်ပါဘူး။

အထူးသဖြင့် အင်ဂျင်နဲ့ အင်ဂျင်ဝိုင် အခြေအနေ၊ ဘရိတ်စနစ်၊ Suspension နဲ့ ကားအောက်ပိုင်း စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းပေးခြင်းဖြင့် ပိုမိုစိတ်ချရတဲ့ မောင်းနှင်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။

ဒါကြောင့် နီးစပ်ရာ SUZUKI Authorized Service Center တွေမှာ ကားအတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေကို သွားရောက် ပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။

https://suzukimyanmar.com/suzuki/dealer



အင်ဂျင် Overheat မဖြစ်အောင် ဘာတွေ ကြိုတင်စစ်ဆေးထားသင့်လဲ?ကားမောင်းနေစဉ် အင်ဂျင် အပူချိန်လွန်ကဲပြီး Overheat ဖြစ်လာတာက ကာ...
20/10/2026

အင်ဂျင် Overheat မဖြစ်အောင် ဘာတွေ ကြိုတင်စစ်ဆေးထားသင့်လဲ?

ကားမောင်းနေစဉ် အင်ဂျင် အပူချိန်လွန်ကဲပြီး Overheat ဖြစ်လာတာက ကားရဲ့ Performance ကို ထိခိုက်စေနိုင်သလို၊ အင်ဂျင်အစိတ်အပိုင်းတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် အင်ဂျင် Overheat မဖြစ်အောင် အောက်ပါအချက်တွေကို ကြိုတင်စစ်ဆေးထားဖို့ အရေးကြီးပါတယ်။

🔹Coolant Level
အင်ဂျင်အအေးခံအရည် (Coolant) ကို သတ်မှတ်ထားသည့် Level မှာ ရှိ/မရှိ သေချာစွာ စစ်ဆေးပါ။

🔹Coolant Condition
Coolant ဟောင်းနွမ်းမှုအခြေနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ပါက အသစ်လဲလှယ်ပါ။

🔹Radiator and Leakage
ရေတိုင်ကီ (Radiator) ထိခိုက်ပျက်စီးမှု၊ အင်ဂျင်နှင့်ချိတ်ဆက်ထားသည့် Hoses ပိုက်တွေနဲ့ Cooling System အစိတ်အပိုင်းတွေမှာ Coolant ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးပါ။

🔹 Radiator Cap
ရေတိုင်ကီအဖုံး တပ်ဆင်ထားသည့်အခြေအနေနှင့် ပျက်စီးမှုအခြေအနေကို စစ်ဆေးပါ။
(သတိပြုရန် - ဘေးအန္တရာယ်မဖြစ်ပွားစေရန် အင်ဂျင်ပူနေသည့်အချိန်တွင် ရေတိုင်ကီအဖုံးကို မဖွင့်ပါနှင့်။)

🔹 Radiator Fan
Cooling Fan ပုံမှန်အလုပ်လုပ်နိုင်ခြင်း ရှိ/မရှိ စစ်ဆေးပေးပါ။

🔹 Engine Oil and Level
Engine oil အခြေနေနဲ့ သတ်မှတ်ထားသည့် level တွင် ရှိ/မရှိကိုလည်း တိကျမှန်ကန်စွာ စစ်ဆေးပါ။

🔹 Temperature Gauge/ Warning light
ကားဒိုင်ခွက်ရှိ Temperature Gauge တွင် အင်ဂျင်အပူချိန် ပုံမှန်ထက်မြင့်တက်လာခြင်း သို့မဟုတ် Overheat သတိပေးအချက်ပြမီး ပေါ်လာပါက မပေါ့ဆပါနဲ့။

အင်ဂျင် Overheat ဖြစ်ပွားသည့်အခါမှ ဖြေရှင်းတာထက် ကြိုတင်စစ်ဆေးထားခြင်းက ပိုမိုကောင်းမွန်ပြီး၊ ကြီးမားသည့် ပြုပြင်မှုစရိတ်တွေကိုပါ ကာကွယ်နိုင်မှာဖြစ်လို့ လူကြီးမင်းတို့ ကားရဲ့ Maintenance နဲ့ ပတ်သက်ပြီး နီးစပ်ရာ SUZUKI Authorized Service Center တွေမှာ စစ်ဆေးပြုပြင်နိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




သီတင်းကျွတ်ခရီးထွက်ဖို့ အဆင်သင့်ဖြစ်ပြီလား?လူကြီးမင်းတို့ သီတင်းကျွတ်အားလပ်ရပ် ခရီးမထွက်ခင် ဘယ်အချက်လေးတွေကို ကြိုတင်ပြင...
06/10/2026

သီတင်းကျွတ်ခရီးထွက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

လူကြီးမင်းတို့ သီတင်းကျွတ်အားလပ်ရပ် ခရီးမထွက်ခင် ဘယ်အချက်လေးတွေကို ကြိုတင်ပြင်ဆင်တတ်ကြလဲ? “Thadingyut Road Trip Scorecard ကို ကြည့်ပြီး ဘယ်အချက်အလေးတွေကို ပြင်ဆင်ပြီးပြီလဲဆိုတာကို ကိုယ်တိုင်စစ်ဆေးကြည့်လိုက်ရအောင်! 📋

လူကြီးမင်းတို့ အနေနဲ့ ဘယ်အချက်လေးတွေပြင်ဆင်ထားပြီးပြီလဲဆိုတာ Scorecard ကို ကြည့်ပြီး ကိုယ့်ရဲ့ Score လေးတွေကို Comment မှာ မျှဝေပေးခဲ့ပါဦး…

ခရီးမထွက်ခင် လူကြီးမင်းတို့ရဲ့ကားကို ကြိုတင်စစ်ဆေးနိုင်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Center တွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်တွေကို အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




ကွေ့ရလွယ်ကူ၊ လမ်းတိုင်းအဆင်ပြေလုပ်ငန်းသုံးကားတစ်စီးအတွက် ကုန်ပစ္စည်းများများ တင်ဆောင်နိုင်ရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်လ...
03/10/2026

ကွေ့ရလွယ်ကူ၊ လမ်းတိုင်းအဆင်ပြေ

လုပ်ငန်းသုံးကားတစ်စီးအတွက် ကုန်ပစ္စည်းများများ တင်ဆောင်နိုင်ရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ လမ်းကျဉ်းတွေ၊ နေရာကျဉ်းတွေမှာ လွယ်ကူစွာ မောင်းနှင်နိုင်ဖို့လည်း အရေးကြီးပါတယ်။

Suzuki Carry Pro ရဲ့ Minimum Turning Radius 4.4 Metres ကြောင့်

💠လမ်းကြားတွေမှာ ကွေ့ဝင်ရလွယ်ကူခြင်း၊
💠လမ်းကျဉ်းတွေမှာ မောင်းနှင်ရလွယ်ကူခြင်း၊
💠နေရာယူရပ်တန့်ရ လွယ်ကူခြင်း
💠ကုန်တင်၊ ကုန်ချရာမှာ လိုအပ်တဲ့ နေရာယူမှုကို ပိုမိုလွယ်ကူစေခြင်း စတဲ့ အချက်တွေကို အထောက်အကူပြုနိုင်ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းတွေအတွက် စိတ်ချရတဲ့ Suzuki Carry Pro ရဲ့ Features တွေကို ကိုယ်တိုင်လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ Website Link ထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/carrypro




29/09/2026

SUZUKI ကို Customer တွေက ဘာကြောင့် ရေရှည်ရွေးချယ် ခရီးဆက်နေကြတာလဲ?

SUZUKI ကားပိုင်ရှင်တစ်ဦးရဲ့ ၆ နှစ်ကြာအသုံးပြုပြီး Maintenance နဲ့ Service Support ဆိုင်ရာ After Sales အတွေ့အကြုံတွေက ဘယ်လိုရှိသလဲဆိုတာ ဒီဗီဒီယိုလေးမှာ အတူနားဆင်ကြည့်လိုက်ရအောင်…

ကာလရှည် ဆက်လက်စီးနင်းဖြစ်တဲ့ အကြောင်းရင်းတွေထဲမှာ မိမိရဲ့လိုအပ်ချက်နဲ့ သင့်တော်ကိုက်ညီမှုရှိခြင်း၊ ပုံမှန် Maintenance ပြုလုပ်ထိန်းသိမ်းခြင်းကြောင့် ကားရဲ့စွမ်းဆောင်ရည်ကို ကောင်းမွန်စွာ ထိန်းထားနိုင်ခြင်း အပြင် SUZUKI ရဲ့ ကောင်းမွန်တဲ့ After Sales Support ရရှိနေခြင်းတို့လည်း ပါဝင်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ရော SUZUKI ကားကို အသုံးပြုခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့ SUZUKI After Sales နဲ့ပတ်သက်ပြီး အတွေ့အကြုံရှိရင်လည်း Comment မှာ မျှဝေပေးခဲ့ပါဦး။

SUZUKI ကားတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို လေ့လာနိုင်ဖို့အတွက် အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/



၁၉၉၉ ခုနှစ်မှာ Suzuki Myanmar အနေနဲ့ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ကားက ဘာကားလဲဆိုတာ သိပါသလား?လူကြီးမင်းတို့ ပထမဆုံး စစီးဖူးခဲ့တ...
26/09/2026

၁၉၉၉ ခုနှစ်မှာ Suzuki Myanmar အနေနဲ့ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ကားက ဘာကားလဲဆိုတာ သိပါသလား?

လူကြီးမင်းတို့ ပထမဆုံး စစီးဖူးခဲ့တဲ့ SUZUKI ကားလေးနဲ့ အမှတ်တရတွေရှိရင် Comment မှာ မျှဝေခဲ့ကြပါဦး။

SUZUKI နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Link ထဲမှာ လေ့လာလို့ရပါတယ်။
https://suzukimyanmar.com/suzuki/aboutus




ပစ္စည်းတူတိုင်း အရည်အသွေးတူနိုင်လား ?ကားအပိုပစ္စည်းရွေးချယ်တဲ့အခါ အပြင်ပန်းပုံစံတူရုံနဲ့ ကောင်းမွန်စွာ အသုံးပြုနိုင်မယ်လ...
22/09/2026

ပစ္စည်းတူတိုင်း အရည်အသွေးတူနိုင်လား ?

ကားအပိုပစ္စည်းရွေးချယ်တဲ့အခါ အပြင်ပန်းပုံစံတူရုံနဲ့ ကောင်းမွန်စွာ အသုံးပြုနိုင်မယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အပိုပစ္စည်းရဲ့ အရည်အသွေး၊ တိကျစွာကိုက်ညီမှုနဲ့ ရေရှည်အသုံးခံမှုတွေက ကားရဲ့ စွမ်းဆောင်ရည်နဲ့ ဘေးကင်းလုံခြုံမှုကိုသာမက ရေရှည်ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်အပေါ်မှာပါ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။

ကားရဲ့ Part တစ်ခုကို လဲလှယ်တဲ့အခါ အရည်အသွေးနဲ့ အရင်းမြစ်မသေချာတဲ့ ပုံစံတူ အပိုပစ္စည်းတွေကို ရွေးချယ်တာထက် အရည်အသွေး၊ ကြာရှည်ခံမှုနဲ့ ကားရဲ့ ဘေးကင်း လုံခြုံရေးအပေါ် သက်ရောက်မှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

Suzuki Genuine Parts များရဲ့ အားသာချက်များ
🔹SUZUKI ရဲ့ မူလ အရည်အသွေးစံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားခြင်း၊
🔹သက်ဆိုင်ရာကားမော်ဒယ်အလိုက် တိကျစွာ ကိုက်ညီမှုရှိအောင် သီးသန့်ထုတ်လုပ်ထားခြင်း၊
🔹သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ စမ်းသပ်စစ်ဆေးမှုတွေအတိုင်း ထုတ်လုပ်ထားတာကြောင့် ရေရှည်အသုံးပြုနိုင်ခြင်း၊
🔹မူလစွမ်းဆောင်ရည်အတိုင်း အတိအကျ ရရှိနိုင်ခြင်း၊
🔹ဘေးကင်းလုံခြုံမှုအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း၊
🔹 ဆက်စပ် စက်ပစ္စည်းအစိတ်အပိုင်းများပျက်စီမှုမှ ကာကွယ်ပေးခြင်းတို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အရည်အသွေးနဲ့ အရင်းမြစ်မသေချာတဲ့ Non-Genuine Parts တွေမှာတော့
🔸 အရည်အသွေး မတူညီနိုင်ခြင်း၊
🔸 အရွယ်အစားနဲ့ ပုံသဏ္ဌာန် တိကျစွာမကိုက်ညီနိုင်ခြင်း၊
🔸 သက်တမ်းတိုပြီး စောစီးစွာ ပျက်စီးနိုင်ခြင်း၊
🔸 ကားရဲ့ စွမ်းဆောင်ရည်နဲ့ လည်ပတ်မှုကို ထိခိုက်စေနိုင်ခြင်း၊
🔸 ဘေးကင်းလုံခြုံမှုဆိုင်ရာ စမ်းသပ်ချက်နဲ့ အာမခံချက် မသေချာနိုင်ခြင်း၊
🔸 အခြားဆက်စပ်အစိတ်အပိုင်းတွေကို ထိခိုက်စေပြီး ပြုပြင်စရိတ် ပိုမိုကုန်ကျနိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဝယ်ယူချိန်မှာ အပြင်ပိုင်း ပစ္စည်းပုံစံတူနေရုံနဲ့ မဆုံးဖြတ်ဘဲ Genuine Parts ဖြစ်ခြင်း၊ ကားမော်ဒယ်နဲ့တိတိကျကျကိုက်ညီခြင်း၊အရည်အသွေးအာမခံချက်နဲ့ ရေရှည်အသုံးပြုစရိတ် တို့ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

လူကြီးမင်းရဲ့ SUZUKI ကားအတွက် မှန်ကန်ကိုက်ညီတဲ့ Part တွေရရှိနိုင်ဖို့အတွက် နီးစပ်ရာ SUZUKI Authorized Service Centerကို အောက်ပါ link မှ ဝင်ရောက် ရှာဖွေ ဆက်သွယ်စစ်ဆေးပြီး SUZUKI Genuine Parts ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer

ကားအပိုပစ္စည်းရွေးချယ်တဲ့အခါ လူကြီးမင်းတို့အနေနဲ့ဘယ်အချက်ကို အဓိကထားပါသလဲ? Comment မှာ မျှဝေပေးခဲ့ပါဦး။



Address

#1701-04, 17th Floor, Sakura Tower, 339, Bogyoke Aung San Road, Kyauktada Township
Yangon
‎11431

Alerts

Be the first to know and let us send you an email when Suzuki Myanmar Motor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share