05/10/2026
https://www.facebook.com/share/v/19gYXyhFfa/
အိန္ဒိယမှာ CNG ဖြည့်သွင်းနေချိန် ကားရဲ့ ဓာတ်ငွေ့တိုင်ကီ ရုတ်တရက် ပေါက်ကွဲ၊
အောက်တိုဘာ -၃၊ ၂၀၂၆ (Thai Insider)
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Karjan အနီး National Highway-48 ပေါ်က CNG ဆီဖြည့်စခန်းမှာ ကားတစ်စီး CNG ဖြည့်နေစဉ် ရုတ်တရက် အားပြင်းတဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ CNG ဖြည့်သွင်းနေချိန် ကားရဲ့ ဓာတ်ငွေ့တိုင်ကီ ရုတ်တရက်ပေါက်ကွဲခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။ ပေါက်ကွဲမှုအရှိန်ဟာ အလွန်ပြင်းထန်တာကြောင့် ကားရဲ့ နောက်ပိုင်းနဲ့ အလယ်ပိုင်းတွေ အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။
CNG တိုင်ကီဟာ ပေါက်ကွဲမှုကြောင့် အပိုင်းနှစ်ပိုင်းအထိ ကွဲထွက်သွားပြီး တိုင်ကီအပိုင်းတစ်ခုဟာ ဆီဖြည့်စခန်းအတွင်း ကျန်ခဲ့ကာ အခြားအပိုင်းတစ်ခုကတော့ အဝေးကို လွင့်စင်သွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုကြောင့် ကားအနီးမှာ ရပ်ထားတဲ့ အခြားယာဉ် ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။