Tay Zar Kyaw Motorbike shop

Tay Zar Kyaw Motorbike shop “ခများတို့ရဲ့ ယုံကြည်မှုသည် ကျွန်ုပ်၏ ဂုဏ်သိက္ခာဖြစ်ပါသည်။" ယုံကြည်မှုအပြည့်နဲ့ လီဗာဆွဲဖို့ TZK ကို လှမ်းခဲ့ပါ။

01/07/2026

#ဒီဘီးဒီစျေးကတော့ရွာမှာစပါးတိုက်ပစ်ရင်တောင်တန်နေပြီ

လကုန်ပြီး အားလုံး ငွေရွှင်နေမယ်ထင်လို့ကျနော့်မှာ ရှိတာလေးတချို့ကို စျေးတန်တန်လေးနဲ့ ရောင်းပေးပါမယ်ဘီးအားလုံး အသစ်နဲ့ အသစ...
01/07/2026

လကုန်ပြီး အားလုံး ငွေရွှင်နေမယ်ထင်လို့
ကျနော့်မှာ ရှိတာလေးတချို့ကို
စျေးတန်တန်လေးနဲ့ ရောင်းပေးပါမယ်

ဘီးအားလုံး အသစ်နဲ့ အသစ်ဆိုဒ်တွေဖြစ်နေဖို့
အထူးအထူး အာမခံပါတယ်

✅စျေးနှုန်းတွေ ပုံအောက်တွင်ရေးပေးထား
သေချာလေး ပုံထောက်ကြည့်ပေးပါဗျ

✅ရပ်ဝေးရပ်နီး အာမခံနဲ့ ပို့ဆောင်ပေးပါတယ်
✅ရန်ကုန်/ပဲခူး/ ဧရာဝတီတိုင်း စရံ 5/10သိန်းချ
အိမ်ရောက်မှ ကျန်ငွေချေ

✅ကျနော်ရောင်းချသော ဘီးတိုင်းအတွက် engine
အာမခံနဲ့ လိုအပ်တဲ့ accessories အကုန်ဝယ်လို့.
ရအောင်တာဝန်ယူရောင်းချပေးပါသည်

အကြိုက်တွေ့ရင် 24/7 အားမနာတမ်း ဆက်သွယ်
မေးမြန်းနိုင်ပါတယ်ခမျာ

☎️09778330183 / 09970046552 viber
⤵️ရန်ကုန် မြောက်ဥက္ကလာ ခြောက်ကွေ့အနီး

Click စီးသူတိုင်း သိထားရမဲ့ အချက်များ🌿မနေ့က အကိုတယောက်က click ကိုရေရှည်စီးရင် သိထားရမဲ့အချက်လေးတွေ ပြောပြပါဆိုလို့ ကျနော...
01/07/2026

Click စီးသူတိုင်း သိထားရမဲ့ အချက်များ🌿

မနေ့က အကိုတယောက်က click ကိုရေရှည်စီးရင်
သိထားရမဲ့အချက်လေးတွေ ပြောပြပါဆိုလို့
ကျနော် သိသလောက် ပြောပြပေးပါမယ်

ဆောင်ရန်/ရှောင်ရန် အချက်များ

✅ဒါတွေတော့ ပုံမှန်လုပ်ပေးပါ

Engine oil ပုံမှန်လဲပါ၊ Grade အမှန်ပဲသုံးပါ
Click ရဲ့ အသက်ဟာ engine oil ပါ။
Kilo 1500 ကနေ 2000 ကြား
ရောက်ရင် မနှမြောတမ်း လဲပေးပါ။
Scooter ဖြစ်တဲ့အတွက် Scooter သီးသန့်
အင်ဂျင်ဝိုင် (ဥပမာ- 10W-30 သို့မဟုတ်
10W-40MB) ကိုပဲ ရွေးသုံးဖို့ လိုပါတယ်။
engine oil ၂ ခါလဲရင် gear oil ၁ ခါ လဲပေးပါ။

Coolant ကိုလဲ သေချာ စစ်ပေးပါ
Click က ရေတိုင်ကီစနစ် (Liquid Cooled)
ပါတာမို့ အင်ဂျင်မပူဖို့အတွက် Coolant က
အရေးကြီးပါတယ်။
အရံရေဗူးထဲမှာ ရေလျော့နေလား ပုံမှန်ကြည့်ပြီး
လိုအပ်ရင် Coolant ကောင်းတာလေး ဖြည့်ပေးပါ။

Belt ကြိုးနဲ့ Rollers တွေကိုလဲ စစ်ဆေးပါ:
အော်တိုဆိုင်ကယ်တွေရဲ့ အသက်က Beltကြိုးပါ။
Kilo 20,000 ဝန်းကျင်ရောက်ရင် Belt ကြိုး
အက်ကြောင်းထနေလား၊ (Rollers) တွေ
ပဲ့နေလားဆိုတာ ဆိုင်မှာ ဖြုတ်စစ်ပြီး လဲသင့်ရင်
လဲပစ်ဖို့ မနှမြောပါနဲ့။

လေစစ် (Air Filter) ကိုလဲ သန့်ရှင်းရေးလုပ်
ဖို့မမေ့ပါနဲ့
ဖုန်ထူတဲ့ လမ်းတွေမှာ စီးရတာများရင် လေစစ်
ပိတ်တာ မြန်ပါတယ်။
လေစစ်ပိတ်ရင် ဆိုင်ကယ်က အရုန်းဆွဲကျပြီး
ဆီစားများလာတတ်လို့ ပုံမှန် မှုတ်ပေးပါ၊
သက်တမ်းကုန်ရင်တော့ အသစ်လဲပစ်ပါ။

❌ ဒါတွေတော့ လုံးဝမလုပ်ပါနဲ့

ပွိုင့်စိမ်းတာနဲ့ လီဗာကို ဝုန်းခနဲ စောင့်ဆွဲ
ပလိုက်တာမျိုး၊ အရှိန်ကို ရုတ်တရက်
တင်လိုက်တာမျိုးက Clutch စနစ်နဲ့ ကြိုးတွေရဲ့
သက်တမ်းတိုစေပါတယ်။
လီဗာကို ပုံမှန်လေး ညှင်းပြီး စီးတာက
ဆိုင်ကယ် အတွက် အကောင်းဆုံးပါ။

ရေတိုင်ကီကို ရိုးရိုးရေ မဖြည့်ပါနဲ့
ရိုးရိုးရေက ရေတိုင်ကီကို သံချေးတက်စေပြီး
ပိတ်ဆို့ကုန်ရင် engine လစ်သွားနိုင်ပါတယ်။

ဆီကုန်ခါနီးအထိ ဇွတ်မစီးပါနဲ့:
Click က PGM-FI စနစ်ကိုသုံးထားတာပါ။
ဆီတိုင်ကီထဲက Fuel Pump ဟာ ဆီထဲမှာပဲ
နစ်နေပြီး အအေးခံရတာဖြစ်လို့ ဆီလုံးဝ
ပြတ်လုနီးပါးအထိ
ခဏခဏ မောင်းရင် ဆီမော်တာလောင်
တတ်တာကြောင့် ပိုက်ဆံအကုန်အကျများ
ပါလိမ့်မယ်။

မလိုအပ်ဘဲ brake ကို ညှစ်မထားပါနဲ့
အော်တိုစီးတဲ့သူ အတော်များများက
လက်နှစ်ဖက်လုံးကို ဘရိတ်ပေါ်
အမြဲတင်ထားပြီး မသိမသာ ညှစ်မိနေတတ်
ကြပါတယ်။
မလိုအပ်ဘဲ brake ရှူးတွေ drum တွေ
နာသွားတတ်ပါတယ်။

ဒါ့ကြောင့် ဆောင်သင့်တာတွေကို ဆောင်ပြီး
ရှောင်သင့်တာတွေကို ရှောင်မယ်ဆိုရင်တော့
ရေရှည်ခံပြီး မလိုအပ်ဘဲ ခများအိတ်ထဲက ငွေ
တွေမကုန်တော့ဘူးပေါ့။

ခများတို့သိတာတွေရှိရင်ပြောသွားကြပါဦး
အသုံးဝင်တယ်ဆိုရင်လဲ share ပေးကြပါဦးဗျ⤵️

Tay Zar Kyaw

🏡အခက်ခဲပေါင်းများစွာကြားကပဲ ဆိုင်သို့ရောက်ပါပြီ🏡ထင်ထားတာထပ်ဘီးတွေပိုသစ်နေတော့ Customer တွေလက်ထဲအပ်ရမှစိတ်ပိုချမ်းသာရပြီပ...
30/06/2026

🏡အခက်ခဲပေါင်းများစွာကြားကပဲ ဆိုင်သို့ရောက်ပါပြီ

🏡ထင်ထားတာထပ်ဘီးတွေပိုသစ်နေတော့ Customer တွေလက်ထဲအပ်ရမှစိတ်ပိုချမ်းသာရပြီပေါ့ဗျာ

🏡2024/8W

🏡မေးထားမှာထားတဲ့ညီကိုတွေမြန်မှရမယ်နော်

ဝယ်တုန်းကတော့ အသစ်ပဲ မြဝတီရန်ကုန်တစ်ကြောင်းမောင်းတော့ ပြစရာတာယာဆေးလိုင်းက ပါးပါးပဲရှိတော့တယ်😩25 -W ပစ္စည်းစုံ  Milk Gray
30/06/2026

ဝယ်တုန်းကတော့ အသစ်ပဲ မြဝတီရန်ကုန်တစ်ကြောင်းမောင်းတော့ ပြစရာတာယာဆေးလိုင်းက ပါးပါးပဲရှိတော့တယ်😩

25 -W ပစ္စည်းစုံ Milk Gray

30/06/2026

#ပျားသကာလိုချိုသောစျေးနဲ့ယူဗျာ

မရှိရင် ကိုယ့်လူတွေ လာလာမေးကြလွန်းလို့ပါPCX 160 2ကောင်ရောက်မယ်2024 without တွေပါစျေးချိုချိုလေးတွေနဲ့ပဲ ရောင်းပေးသွားပါမ...
30/06/2026

မရှိရင် ကိုယ့်လူတွေ လာလာမေးကြလွန်းလို့ပါ
PCX 160 2ကောင်ရောက်မယ်
2024 without တွေပါ

စျေးချိုချိုလေးတွေနဲ့ပဲ ရောင်းပေးသွားပါမယ်

အကြိုက်တွေ့ရင် 24/7 အားမနာတမ်း ဆက်သွယ်
နိုင်ပါတယ်ခမျာ

☎️09778330183 / 09970046552 viber
✅ရန်ကုန် မြောက်ဥက္ကလာ ခြောက်ကွေ့
่อวิน

ဒီလောက်ဆို သစ်တယ်မလား 🌿54သိန်းခွဲကတော့ စီးလို့မတန်ဘူးလားဗျာFinn 115i 2022 Without 11000 overဗိုက်တန်းပါမယ် ခြင်းလဲပါမယ်မ...
29/06/2026

ဒီလောက်ဆို သစ်တယ်မလား 🌿
54သိန်းခွဲကတော့ စီးလို့မတန်ဘူးလားဗျာ

Finn 115i
2022 Without
11000 over
ဗိုက်တန်းပါမယ် ခြင်းလဲပါမယ်

မြန်မှတော့ရမယ်ဗျာ ph လေးသာဆက်ပေးပါ

♦️(5450000 )အလျှော့တင်းပါးပါးလေးပဲရှိပါမယ်

☎️09778330183 / 09970046552 viber
✅ရန်ကုန် မြောက်ဥက္ကလာ ခြောက်ကွေ့

26/1 Sp ပါကင်ဝယ်ပြီးထဲက ၂ခါပဲစီးရသေးတယ်မြဝတီ - ရန်ကုန်အသွားအပြန် 😛
29/06/2026

26/1 Sp ပါကင်ဝယ်ပြီးထဲက ၂ခါပဲစီးရသေးတယ်

မြဝတီ - ရန်ကုန်အသွားအပြန် 😛

Yamaha Aerox ကို ရေရှည်စီးချင်ရင် ဒီ Maintenance အချက်တွေ မဖြစ်မနေ သိထားပါ🌿Yamaha Aerox ဟာ Blue Core Engine နည်းပညာသုံးထ...
29/06/2026

Yamaha Aerox ကို ရေရှည်စီးချင်ရင် ဒီ Maintenance အချက်တွေ မဖြစ်မနေ သိထားပါ🌿

Yamaha Aerox ဟာ Blue Core Engine နည်းပညာသုံးထားတဲ့ Performance Scooter တစ်စီးဖြစ်ပြီး အရှိန်၊ Fuel Economy နဲ့ Reliability ဘက်မှာ အတော်လေး Balance ကောင်းတဲ့ ဆိုင်ကယ်တစ်စီးပါ။

ဒါပေမယ့် ဘယ်လောက်ကောင်းတဲ့ ဆိုင်ကယ်ဖြစ်ဖြစ် Maintenance မမှန်ရင် Engine Life တိုသွားမှာပဲ

1. Engine Oil ကို အချိန်မှန် လဲပေးပါ

Aerox Engine ရဲ့ အသက်က Engine Oil ပေါ်မှာ အများကြီး မူတည်ပါတယ်။

• 1,500 km မှ 2,000 km ကြား Oil Change
ပြုလုပ်ပေးသင့်ပါတယ်။
• မြို့တွင်း Stop & Go များတဲ့ Riding Style ဖြစ်ရင်
ပိုစောပြီး လဲပေးသင့်ပါတယ်။
• Oil Level ကို ပုံမှန်စစ်ဆေးပေးပါ။

YamaLube Engine Oil ကို ဘာကြောင့် သုံးသင့်လဲ?

Yamalube Engine Oil က Yamaha Engine တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Genuine Lubricant ဖြစ်ပါတယ်။

အားသာချက်တွေကတော့

✅ Engine အတွင်း Friction လျော့ချပေးတယ်
✅ အပူချိန်မြင့်တဲ့အချိန်မှာ Lubrication ကောင်းကောင်း
ထိန်းပေးနိုင်တယ်
✅ Engine Wear & Tear ကို လျော့နည်းစေတယ်
✅ Fuel Consumption ကို ပိုကောင်းစေတယ်
✅ Yamaha Blue Core Engine နဲ့ အထူးကိုက်ညီအောင်
ဖော်မြူလာထုတ်ထားတယ်

စျေးသက်သာတဲ့ Unknown Oil တွေသုံးတာထက် Genuine YamaLube Engine Oil သုံးတာက
Engine Life ကို ပိုရှည်စေပါတယ်။



2. Gear Oil ကို မမေ့ပါနဲ့

Engine Oil လဲတိုင်း Gear Oil ကိုပါ စစ်ဆေးပေးသင့်ပါတယ်။

• 4,000 km မှ 6,000 km ကြား လဲပေးပါ
• Gear Oil မကောင်းရင် CVT Gear Box
အသံထွက်လာနိုင်ပါတယ်



3. Air Filter ကို သန့်ရှင်းရေးလုပ်ပါ

Aerox က Fuel Injection System သုံးထားတာဖြစ်လို့ Air Intake က အရေးကြီးပါတယ်။

• 3,000 km မှ 5,000 km ကြား သန့်ရှင်းရေးလုပ်ပါ
• ဖုန်များတဲ့နေရာတွေမှာ စီးရင် ပိုမိုစစ်ဆေးသင့်ပါ
တယ်

Air Filter ပိတ်နေမယ်ဆိုရင်

❌ ဆီစားမယ်

❌ Acceleration ကျမယ်

❌ Engine Power လျော့မယ်



4. CVT System ကို ပုံမှန်စစ်ဆေးပါ

Aerox ရဲ့ Performance က CVT ပေါ်မှာ အများကြီး မူတည်ပါတယ်။

• CVT Cleaning ကို 5,000 km တိုင်း လုပ်ပါ
• V-Belt ကို 20,000 km ခန့်မှာ စစ်ဆေးပြီး
လိုအပ်ရင် လဲပါ

CVT ထဲမှာ ဖုန်များလာရင် Pickup ကျပြီး ဆွဲအားလျော့လာနိုင်ပါတယ်။



5. Coolant ကို စစ်ဆေးပါ

Aerox က Liquid-Cooled Engine ဖြစ်တဲ့အတွက် Coolant အရေးကြီးပါတယ်။

• Coolant Level ကို လစဉ်စစ်ဆေးပါ
• 1 နှစ်မှ 2 နှစ်ကြား Coolant အသစ်လဲပေးပါ

Coolant မကောင်းရင် Engine Overheat ဖြစ်နိုင်ပါတယ်။

အခုကျနော်ပြောတဲ့အချက်တွေကိ စစ်ရမဲ့အချိန်တွေမှာသေချာစစ်ပေးရင် ရည်ရှည်မှာ စိတ်ချလက်ချ စီးသွားလို့ရပါတယ်။

ခများတို့သိထားတာတွေရှိရင်လဲ ပြောသွားကြပါဦး⤵️

Address

ရန်ကုန် မြောက်ဥက္ကလာ ခြောက်ကွေ့
Yangon

Telephone

+959970046552

Website

Alerts

Be the first to know and let us send you an email when Tay Zar Kyaw Motorbike shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tay Zar Kyaw Motorbike shop:

Share