01/07/2026
မိုးရာသီမှာ ကားရေဆေးဖို့ လိုလား
🌧️ "မိုးရာသီမှာ ကားရေဆေးဖို့ မလိုဘူး၊
မိုးရွာရင် မိုးရေနဲ့ ကားက ပြောင်သွားတယ်" ဆိုတဲ့ အယူအဆဟာ မမှန်ပါဘူးဗျာ။ 🙅♂️
🌦️ မိုးရေထဲမှာ လေထုညစ်ညမ်းမှုကြောင့် ဓာတုဗေဒ အမှုန်အမွှားတွေ ပါလာတတ်ပါတယ်။ မိုးရွာပြီး ကားပေါ်မှာ ခြောက်သွားတဲ့အခါ ကားဆေးသားကိုအရောင်မှိန်သွားစေပါတယ်။
🌦️ မိုးရေစက်တွေ နေပူရှိန်ကြောင့် ခြောက်သွားရင် ဘော်ဒီနဲ့ မှန်တွေပေါ်မှာ အကွက်လိုက် စွဲကျန်ခဲ့တတ်ပြီး ကြာရင် ဆေးရခက်သွားပါတယ်။
💡 မိုးရွာပြီးတိုင်း ဆပ်ပြာနဲ့ အသေအချာ မဆေးနိုင်ရင်တောင် အိမ်မှာ ရေလောင်းချပြီး အဝတ်ခြောက်နဲ့ သုတ်ပေးတာက ကားဆေးသားကို ကာကွယ်နိုင်ပါတယ်။
⚠️ ESTY မှ post များကို လွတ်လပ်စွာ Share နိုင်ပါသည်။ တိုက်ရိုက်ကူးယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါ ⚠️