Mobil Myanmar

Mobil Myanmar Welcome to Mobil Myanmar Official page. We are the official distributor of Mobil lubricants for Myanmar.Feel free to ask questions to our site.

Our office is opened from 8:00 AM to 4:30 PM.

အင်ဂျင်ဝိုင် (𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥) ဗူးတွေမှာ ပါလေ့ရှိတဲ့ 𝐀𝐏𝐈 (𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐏𝐞𝐭𝐫𝐨𝐥𝐞𝐮𝐦 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞) ဆိုတာ အင်ဂျင်ဝိုင်ရဲ့ အရည်အသွေးနဲ့ လု...
05/06/2026

အင်ဂျင်ဝိုင် (𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥) ဗူးတွေမှာ ပါလေ့ရှိတဲ့ 𝐀𝐏𝐈 (𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐏𝐞𝐭𝐫𝐨𝐥𝐞𝐮𝐦 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞) ဆိုတာ အင်ဂျင်ဝိုင်ရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်နိုင်စွမ်းကို သတ်မှတ်ပေးတဲ့ အရေးကြီးတဲ့ စံနှုန်းဖြစ်ပြီး အင်ဂျင်ဝိုင်တစ်ဗူးဟာ ဘယ်လိုအင်ဂျင်မျိုးနဲ့ ကိုက်ညီလဲ၊ အင်ဂျင်ကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လဲဆိုတဲ့ " အရည်အသွေးနှင့် စွမ်းဆောင်ရည်" ကို အသိအမှတ်ပြုပေးတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။✅

𝐀𝐏𝐈 𝐂𝐥𝐚𝐬𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 တွင် “S” category သည် 𝐒𝐩𝐚𝐫𝐤 𝐈𝐠𝐧𝐢𝐭𝐢𝐨𝐧 အသုံးပြုသော 𝐠𝐚𝐬𝐨𝐥𝐢𝐧𝐞 𝐞𝐧𝐠𝐢𝐧𝐞𝐬 များအတွက်ဖြစ်ပြီး၊ “C” category သည် 𝐂𝐨𝐦𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 𝐈𝐠𝐧𝐢𝐭𝐢𝐨𝐧 အသုံးပြုသော 𝐝𝐢𝐞𝐬𝐞𝐥 𝐞𝐧𝐠𝐢𝐧𝐞𝐬 များအတွက်ဖြစ်ပါတယ်။✅

API ရဲ့ “S” နံပါတ်တွေမှာဆိုရင်တော့ 𝐒𝐋,𝐒𝐌,𝐒𝐍,𝐒𝐍 𝐏𝐥𝐮𝐬,𝐒𝐏 စသဖြင့်ရှိပြီး စျေးကွက်ထဲမှာတော့ လက်ရှိမှာ SP Grade က အမြင့်ဆုံးဖြစ်ပါတယ်။ဒါပေမယ့် Mobil မှာဆိုရင်တော့ SP Grade ထက်ပိုမိုကောင်းမွန်တဲ့ API SQ Grade အထိ ထုတ်လုပ်ပေးထားတဲ့ (𝐌𝐨𝐛𝐢𝐥 1 𝐓𝐫𝐢𝐩𝐥𝐞 𝐀𝐜𝐭𝐢𝐨𝐧 𝐏𝐨𝐰𝐞𝐫 5𝐖-30,𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐅𝐫𝐢𝐜𝐭𝐢𝐨𝐧 𝐅𝐢𝐠𝐡𝐭𝐞𝐫 5𝐖-30/10𝐖-40 ) လို Product တွေရှိနေပါပြီခင်ဗျာ။💢

နောက်တစ်ခုကတော့ ဒီဇယ် အင်ဂျင်တွေ အတွက် အသုံးပြုရတဲ့ API “C”နံပါတ်ဖြစ်ပါတယ်။လက်ရှိစျေးကွက်မှာတော့ 𝐂𝐆-4,𝐂𝐇-4,𝐂𝐈-4 𝐂𝐉-4,𝐂𝐊-4,𝐅𝐀-4 ဆိုပြီး အရည်အသွေးကို မြှင့်တင်ကာ အစဥ်အလိုက် ထုတ်လုပ်ထားပြီး FA-4 ကတော့ အမြင့်ဆုံးဖြစ်ပါတယ်။⚡

✔Mobil မှာဆိုရင်တော့ ဓာတ်ဆီအင်ဂျင်တွေအတွက် နောက်ဆုံး 𝐀𝐏𝐈 𝐒𝐐 𝐠𝐫𝐚𝐝𝐞 အထိ ထုတ်လုပ်ဖြန့်ချိပေးထားပြီး ဒီဇယ်အင်ဂျင်တွေအတွက် 𝐀𝐏𝐈 𝐂𝐊-4 (𝐌𝐨𝐛𝐢𝐥 𝐃𝐞𝐥𝐯𝐚𝐜 𝐌𝐨𝐝𝐞𝐫𝐧 15𝐖-40) အထိ ထုတ်လုပ်ပေးတာတာဖြစ်လို့ မိတ်ဆွေတို့ စိတ်တိုင်းကျရွေးချယ် ဝယ်ယူ အသုံးပြုနိုင်ပါတယ်ခင်ဗျာ။





#ယုံကြည်စိတ်အချရဆုံးမိုဘေးလ်
#အကောင့်းတကာ့အကောင်းဆုံးအင်ဂျင်ဝိုင်

𝐇𝐞𝐥𝐥𝐨 𝐉𝐮𝐧𝐞
31/05/2026

𝐇𝐞𝐥𝐥𝐨 𝐉𝐮𝐧𝐞


တစ်ခါတစ်ရံမှာ ကျွန်တော်တို့က ကားဆီက ပိုကောင်းတယ် လို့ ထင်ပြီး ဆိုင်ကယ်ထဲ ထည့်နေတယ်ဆိုရင် ဒါက မိတ်ဆွေရဲ့ ဆိုင်ကယ်ကို ထိခိ...
31/05/2026

တစ်ခါတစ်ရံမှာ ကျွန်တော်တို့က ကားဆီက ပိုကောင်းတယ် လို့ ထင်ပြီး ဆိုင်ကယ်ထဲ ထည့်နေတယ်ဆိုရင် ဒါက မိတ်ဆွေရဲ့
ဆိုင်ကယ်ကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ ဆိုင်ကယ်ထဲကို ကားအင်ဂျင်ဝိုင်မထည့်သင့်တဲ့ အကြောင်းရင်းတွေကို ‌ပြောပြပေးသွားပါမယ်...
💢 𝐂𝐥𝐮𝐭𝐜𝐡 ချော်တဲ့ ပြသနာဖြစ်ခြင်း
ကားအင်ဂျင်ဝိုင်တွေမှာ ဆီစားသက်သာဖို့အတွက် ပွတ်တိုက်မှုလျှော့ချတဲ့ Friction Modifiers တွေ အများကြီး ပါဝင်ပါတယ်။ဒါကြောင့် ကားဆီထည့်မိတဲ့အခါ Clutch ချော်ထွက်ကုန်တာကြောင့် လီဗာဆွဲပေမဲ့ ဆိုင်ကယ်က အရှိန်မတက်လာဘဲ အင်ဂျင်သံပဲ ဆူညံနေတာမျိုး ဖြစ်တတ်ပါတယ်။
💢အင်ဂျင် အပူလွန်ကဲခြင်း
ဆိုင်ကယ်အင်ဂျင်တွေဟာ ကားထက် ပိုမိုမြင့်မားတဲ့ အင်ဂျင်လည်ပတ်နှုန်း နဲ့ အလုပ်လုပ်ရတာကြောင့် ပိုပူပါတယ်။ ကားအင်ဂျင်ဝိုင်တွေဟာ ဆိုင်ကယ်အင်ဂျင်ရဲ့ မြင့်မားတဲ့ အပူချိန်အောက်မှာ ဆီသားကျဲသွားတတ်ပြီး အကာအကွယ် မပေးနိုင်တော့ဘဲ အင်ဂျင်ကို အပူတက်လာစေပါတယ်။
💢ဆီအမြှုပ်ထခြင်း
ကားအင်ဂျင်ဝိုင်ကို ဆိုင်ကယ်ထဲထည့်ရင် ဆီလေခိုပြီး အမြှုပ်တွေ ထလာတတ်ပါတယ်။ အင်ဂျင်ဝိုင်မှာ အမြှုပ်ထလာတဲ့အခါ lubrication film မတည်ငြိမ်တော့ပဲ အင်ဂျင်အစိတ်အပိုင်းတွေကြားထဲ ပွတ်တိုက်မှုတွေ ပိုတိုးလာပြီး အင်ဂျင်သက်တမ်းကို တိုစေပါတယ်။
💢အင်ဂျင်အတွင်းမှာ ချေးများကျန်ခဲ့ခြင်း
ကားအင်ဂျင်ဝိုင်၏ additive ပါဝင်မှု့ ဟာ ဆိုင်ကယ်အင်ဂျင် လည်ပတ်မှု အခြေအနေ နှင့် မကိုက်ညီတဲ့ အတွက် အင်ဂျင်အတွင်း အညစ်အကြေးတွေ မဖြစ်အောင် မထိန်းနိုင်တော့ပဲ Piston, ring နှင့် engine အတွင်းပိုင်း များတွင် ချေးနဲ့ ကာဗွန်ဖတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
✅ဒီလိုအချက်တွေကြောင့် ဆိုင်ကယ်တွေမှာ 𝐉𝐀𝐒𝐎 𝐌𝐀 သို့မဟုတ် 𝐌𝐀2 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ပါဝင်တဲ့ 𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐌𝐨𝐭𝐨 လို ဆိုင်ကယ်သီးသန့် အင်ဂျင်ဝိုင်ကိုပဲ သုံးစွဲဖို့ လိုအပ်တာ ဖြစ်ပါတယ်။
မိတ်ဆွေတွေလည်း ကိုယ့်ရဲ့ဆိုင်ကယ်မှာ ဘယ်လို Engine Oil တွေသုံးကြလဲဆိုတာ Comment မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုန်းဗျာ,,,
(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို AKT Holdings Company Limited မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar




#ဆိုင်ကယ်အင်ဂျင်ဝိုင်

မိတ်ဆွေရဲ့ 𝐇𝐲𝐝𝐫𝐚𝐮𝐥𝐢𝐜 𝐏𝐮𝐦𝐩 တွေ အသံမြည်နေပြီလား?ဒါမှမဟုတ်...အပူလွန်ကဲနေပြီလား? ဒါဆိုရင်တော့ စွမ်းဆောင်ရည်မြင့် 𝐆𝐨𝐨𝐝 𝐏𝐞𝐫𝐟𝐨𝐫...
29/05/2026

မိတ်ဆွေရဲ့ 𝐇𝐲𝐝𝐫𝐚𝐮𝐥𝐢𝐜 𝐏𝐮𝐦𝐩 တွေ အသံမြည်နေပြီလား?
ဒါမှမဟုတ်...အပူလွန်ကဲနေပြီလား?
ဒါဆိုရင်တော့ စွမ်းဆောင်ရည်မြင့် 𝐆𝐨𝐨𝐝 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐀𝐧𝐭𝐢-𝐖𝐞𝐚𝐫 𝐇𝐲𝐝𝐫𝐚𝐮𝐥𝐢𝐜 ဆီ 𝐌𝐨𝐛𝐢𝐥 𝐍𝐮𝐭𝐨 𝐇 𝐒𝐞𝐫𝐢𝐞𝐬 တွေနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။
𝐌𝐨𝐛𝐢𝐥 𝐍𝐮𝐭𝐨 𝐇 ကတော့ မိတ်ဆွေတို့ရဲ့ စက်ရုံ ၊အလုပ်ရုံ သုံး စက်ယန္တရားများနဲ့ Off-highwayမှာ အသုံးပြုနေကြတဲ့ မြေတူးစက်၊မြေသယ်စက်စတဲ့ မည်သည့်ဟိုက်ဒရောလစ်စနစ်မှာမဆို အသုံးပြုနိုင်ပြီးတော့...
🟡 ပွန်းစားမှုမှကာကွယ်ပေးနိုင်တာကြောင့် ဆီပန့်တွေရဲ့သက်တမ်းကို ပိုမိုကြာရှည်စေခြင်း၊
🟡 ရေခိုးရေငွေ့တွေကြောင့် စက်ပစ္စည်းအစိတ်အပိုင်းများ သံချေးမတတ်အောင် ကာကွယ်ပေးနိုင်ခြင်း၊
🟡 ရေကြောင့် ဆီစစ်ဇကာ (Filter) များ မပိတ်ဆို့အောင် စွမ်းဆောင်ပေးနိုင်ခြင်း
🟡 ဆီညစ်ညမ်းမှု၊ ဆီယိုစိမ့်မှုဖြစ်ခြင်းကို သက်သာစေခြင်း၊
🟡ဓာတ်တိုးဒဏ်ခံနိုင်မှု (Oxidation Resistance) နဲ့ ဓာတုတည်ငြိမ်မှု (Chemical Stability) စွမ်းအားတို့ကြောင့် ဆီသက်တမ်းလည်းကြာရှည်စွာ အသုံးပြုနိုင်တာပါတယ်။
အပျစ်အကျဲအဆင့်တွေအနေနဲ့ ISO Viscosity Grade 32, 46, 68, 100 ဆိုပြီး ရှိတာကြောင့် မိတ်ဆွေတို့စက်မှာ သုံးရမယ့် ဆီအပျစ်အကျဲကို စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်တာကြောင့် Hydraulic စနစ်တိုင်းအတွက် စိတ်အချရဆုံး အဖော်မွန်ကို ရှာနေတယ်ဆိုရင်တော့ 𝐌𝐨𝐛𝐢𝐥 𝐍𝐮𝐭𝐨 𝐇 ကိုသာ ယုံကြည်စိတ်ချစွာ အသုံးပြုလိုက်ပါခင်ဗျာ။
(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို AKT Holdings Company Limited မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar
#ယုံကြည်စိတ်ချရဆုံးမိုဘေး
#ခိုင်းချင်သလောက်ခိုင်းအကြမ်းခံတဲ့မိုဘေး


အောက်ပါ Link လေးကိုနှိပ်ပြီး မေးခွန်းလေးတွေဖြေရင်း K Pay ဆုလက်ဆောင် တွေရယူလိုက်ပါ...👇👇👇https://www.tiktok.com/.../photo/...
18/05/2026

အောက်ပါ Link လေးကိုနှိပ်ပြီး မေးခွန်းလေးတွေဖြေရင်း K Pay ဆုလက်ဆောင် တွေရယူလိုက်ပါ...👇👇👇
https://www.tiktok.com/.../photo/7640062220495342868
🎉Campagin ကာလလေးကတော့ (15.5.2026) မှ (21.5.2026) အထိပဲ ဖြစ်တာမို့လို့ ဆုလက်ဆောင်တွေအမြန်ဆုံး သိမ်းပိုက်နိုင်ဖို့ အခုပဲ ပါဝင်လိုက်တော့နော်....
⛔တစ်စုံတစ်ရာ အငြင်းပွားမှူများရှိပါက 𝐀𝐊𝐓 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။


#ကားအင်ဂျင်

အောက်ပါ Link လေးကိုနှိပ်ပြီး မေးခွန်းလေးတွေဖြေရင်း K Pay ဆုလက်ဆောင် တွေရယူလိုက်ပါ...👇👇👇

https://www.tiktok.com//photo/7640062220495342868

🎉Campagin ကာလလေးကတော့ (15.5.2026) မှ (21.5.2026) အထိပဲ ဖြစ်တာမို့လို့ ဆုလက်ဆောင်တွေအမြန်ဆုံး သိမ်းပိုက်နိုင်ဖို့ အခုပဲ ပါဝင်လိုက်တော့နော်....

⛔တစ်စုံတစ်ရာ အငြင်းပွားမှူများရှိပါက 𝐀𝐊𝐓 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။



#ကားအင်ဂျင်

ပြောင်းလဲလာတဲ့ အင်ဂျင်နည်းပညာတွေ အတွက် 𝐌𝐨𝐛𝐢𝐥 1 𝐓𝐫𝐢𝐩𝐥𝐞 𝐀𝐜𝐭𝐢𝐨𝐧 𝐏𝐨𝐰𝐞𝐫 5𝐖-30 က အခုဆိုရင် 𝐀𝐏𝐈 𝐒𝐐 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝  နဲ့အတူ ပိုမိုကောင်...
15/05/2026

ပြောင်းလဲလာတဲ့ အင်ဂျင်နည်းပညာတွေ အတွက် 𝐌𝐨𝐛𝐢𝐥 1 𝐓𝐫𝐢𝐩𝐥𝐞 𝐀𝐜𝐭𝐢𝐨𝐧 𝐏𝐨𝐰𝐞𝐫 5𝐖-30 က အခုဆိုရင် 𝐀𝐏𝐈 𝐒𝐐 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 နဲ့အတူ ပိုမိုကောင်းမွန်တဲ့ အကာအကွယ်တွေကို ယူဆောင်လာပါပြီ။
✅𝐌𝐨𝐛𝐢𝐥 1 𝐓𝐫𝐢𝐩𝐥𝐞 𝐀𝐜𝐭𝐢𝐨𝐧 𝐏𝐨𝐰𝐞𝐫 5𝐖-30 (API SQ Grade ) ကတော့ Hybrid အင်ဂျင်တွေရဲ့ စွမ်းဆောင်ရည်နဲ့ သက်တမ်းကို ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ထားတာဖြစ်ပြီး..
• ရေနဲ့ လောင်စာဆီ ဝင်ရောက်လာတဲ့ အခြေနေများတွင် ဆီရဲ့ စွမ်းဆောင်ရည်ကို မကျဆင်းစေပဲ ထိမ်းသိမ်းနိုင်ခြင်း
• ဆိုးရွားတဲ့ ဆီနဲ့ရေ ရောနှောတဲ့ အခြေအနေတွေမှာ အင်ဂျင်ဝိုင် အရည်အသွေး ပျက်မသွားအောင် (၃) ဆအထိပိုမို ထိန်းသိမ်းပေးနိုင်ခြင်း
• အင်ဂျင်ထဲမှာ ရေ (၁၀%) ခန့် ရောနှောဝင်ရောက်နေရင်တောင် သံချေးတက်တာနဲ့ ပွန်းစား တာတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ခြင်း
• အင်ဂျင်ခဏခဏ စက်နိုး/စက်သတ် ခြင် (Start / Stop) အခြေနေတွေကြောင့်ဖြစ်ပေါ်လာတဲ့ အင်ဂျင်ပွန်းစားမှုကို (၄၇%) ပိုမို ကာကွယ်ပေးနိုင်ခြင်း တွေအပြင်
𝐓𝐫𝐢𝐩𝐥𝐞 𝐀𝐜𝐭𝐢𝐨𝐧 𝐏𝐨𝐰𝐞𝐫 ဆိုတဲ့အတိုင်း
• အင်ဂျင်ကို အသစ်တစ်လုံးကဲ့သို့စွမ်းဆောင်ပေးနိုင်ခြင်း,
• အပူဒဏ်ကို သာမာန်ထက် (၁၀) ဆ ပိုမိုကာကွယ်ပေးနိုင်ခြင်းနဲ့
• အင်ဂျင်အတွင်းမှာ ဖြစ်တတ်တဲ့ ဂျိုးများ အနယ်နှစ်များ မဖြစ်အောင် လည်းကာကွယ်ပေးနိုင်ခြင်း တွေကိုပါ ပေးစွမ်းနိုင်ပါတယ်ခင်ဗျာ။
🚙ဒါ့အပြင် Ford ကုမ္ပဏီက သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင် စံနှုန်းဖြစ်တဲ့ Ford WSS-M2C929-A, Ford WSS-M2C946-A, Ford WSS-M2C946-B1, FORD WSS-M2C961-A1, FORD WSS-M2C971-A1 တွေရထားတဲ့အပြင် ILSAC GF-7A, ACEA A5/B5, ACEA C2 တွေပါရထားတာဖြစ်လို့...
🏎မိတ်ဆွေရဲ့ နောက်ဆုံးပေါ် ဓာတ်ဆီ,ဒီဇယ်နဲ့ Hybrid ကားတွေအတွက် အဆင့်မြင့်ဆုံး ကာကွယ်မှုတွေ ရယူဖို့ဆိုရင် Mobil ရဲ့ အဆင့်မြင့်ဆုံး စံချိန်ဖြစ်တဲ့ 𝐀𝐏𝐈 𝐒𝐐 𝐆𝐫𝐚𝐝𝐞 ကို အခုပဲ ရွေးချယ်အသုံးပြုကြည့်ပါခင်ဗျာ။

(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို AKT Holdings Company Limited မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar




ဒီနေ့ခေတ် 𝐇𝐞𝐚𝐯𝐲-𝐃𝐮𝐭𝐲 အင်ဂျင်တွေဟာ အရင်ကထက် ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်ကို လိုအပ်တာကြောင့်  အင်ဂျင်စွမ်းဆောင်ရည်ကို အ...
12/05/2026

ဒီနေ့ခေတ် 𝐇𝐞𝐚𝐯𝐲-𝐃𝐮𝐭𝐲 အင်ဂျင်တွေဟာ အရင်ကထက် ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်ကို လိုအပ်တာကြောင့် အင်ဂျင်စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချနိုင်ဖို့ ဆိုရင် အရည်အသွေးကောင်းမွန်တဲ့ အင်ဂျင်ဝိုင်တွေကို လိုအပ်ပါတယ်။
𝐌𝐨𝐛𝐢𝐥 𝐃𝐞𝐥𝐯𝐚𝐜 𝐌𝐨𝐝𝐞𝐫𝐧 15𝐖-40 ဆိုတာ အဆင့်မြင့် Synthetic Technology နဲ့ ထုတ်လုပ်ထားလို့ ခေတ်မီအင်ဂျင်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီးတော့
☑️ အပူချိန်နဲ့ ဖိအားဒဏ်ကို ကောင်းစွာခံနိုင်ခြင်း
☑️ဆီသားပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်တက်တဲ့ အင်ဂျင်အတွင်းပိုင်းပွန်းစားမှုကို အကောင်းဆုံး ကာကွယ်ပေးပြီး အင်ဂျင်ကို သန့်ရှင်းစေခြင်း
☑️ အမြန်မောင်းနှင်ခြင်း၊ အနှေးမောင်းနှင်ခြင်း၊ ရပ်နားခြင်းစတဲ့ အပြောင်းအလဲတွေမှာလည်း အင်ဂျင်ကို အကောင်းဆုံး ကာကွယ်ပေးပြီး၊ အင်ဂျင်သက်တမ်းကို ကြာရှည်စေပါတယ်။
𝐀𝐏𝐈 𝐂𝐈-4,𝐀𝐂𝐄𝐀 𝐄7,𝐉𝐀𝐒𝐎 𝐃𝐇-1. သတ်မှတ်ချက်တွေနဲ့ကိုက်ညီ‌တာကြောင့် ယခုခေတ်ပေါ် Turbocharge ပါဝင်တဲ့ ဒီဇယ်အင်ဂျင်သုံးကားတွေနဲ့ Common-rail စနစ်ပါတဲ့ ဒီဇယ်ကားတွေမှာပါ အသုံးပြုနိုင်တဲ့အပြင်
• 4x4 ကားတွေဖြစ်တဲ့ Ford, Toyota Vigo ကား၊ European, American နဲ့ Japan ကားကြီးတွေ၊
• အိမ်စီးကားတွေ၊ မြို့တွင်းနဲ့နယ်ဝေးသွား ခရီးသည်တင်ကားတွေ၊
• ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ ကျောက်မိုင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တရားကြီးတွေ ၊ Generatorတွေ နဲ့ ငါးဖမ်းစက်လှေတွေ၊ သင်္ဘောတွေအထိ 𝐌𝐨𝐛𝐢𝐥 𝐃𝐞𝐥𝐯𝐚𝐜 𝐌𝐨𝐝𝐞𝐫𝐧 15𝐖-40 𝐒𝐮𝐩𝐞𝐫 𝐃𝐞𝐟𝐞𝐧𝐬𝐞 ကို အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ရဲ့လက်‌တွေ့ စမ်းသပ်ချက်တွေအရ𝐌𝐨𝐛𝐢𝐥 𝐃𝐞𝐥𝐯𝐚𝐜 𝐌𝐨𝐝𝐞𝐫𝐧 15𝐖-40 က Cummings Engine (Model- KTA19M500HP) သ‌င်္ဘောများနှင့် Generator တွေမှာ နာရီပေါင်း 500မှ 550 အထိ / Express လိုင်းအချို့မှာ Kilo Meter -33,000 အထိ နဲ့ Truck မှာ 23K KM အသုံးပြုနိုင်တဲ့ ရလဒ်ကောင်း ကိုလည်းပိုင်ဆိုင်ထားတာကြောင့်
“အဆွဲအရုန်းကောင်း စိတ်ကြိုက်မောင်းဖို့ “ အတွက်ဆိုရင် 𝐌𝐨𝐛𝐢𝐥 𝐃𝐞𝐥𝐯𝐚𝐜 𝐌𝐨𝐝𝐞𝐫𝐧 15𝐖-40 ကိုသာ အသုံးပြုလိုက်ပါခင်ဗျာ။
(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို AKT Holdings Company Limited မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar



#ခိုင်းချင်သလောက်ခိုင်းအကြမ်းခံတဲ့မိုဘေးလ်ဒဲလ်ဗက်

"မေလ(၁)ရက်နေ့ ၊ အလုပ်သမားနေ့ "🧑‍🏭 ကာယ ၊ ဉာဏ လုပ်သားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း 𝐌𝐨𝐛𝐢𝐥  𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဆုမွန်ကောင်...
01/05/2026

"မေလ(၁)ရက်နေ့ ၊ အလုပ်သမားနေ့ "

🧑‍🏭 ကာယ ၊ ဉာဏ လုပ်သားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း 𝐌𝐨𝐛𝐢𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဆုမွန်ကောင်းတောင်းရင်း..အလုပ်သမားနေ့ ကိုဂုဏ်ပြုကြိုဆိုလိုက်ပါသည်။


#အလုပ်သမားနေ့

𝐇𝐞𝐥𝐥𝐨 𝐌𝐚𝐲
01/05/2026

𝐇𝐞𝐥𝐥𝐨 𝐌𝐚𝐲

⚙️စက်ပစ္စည်းတွေကို ထိန်းသိမ်းတဲ့နေရာမှာ အမဲဆီကမရှိမဖြစ်ဆိုပေမယ့် "တန်ဆေး လွန်ဘေး" ဆိုတဲ့စကားကို သတိပြုမိဖို့လိုအပ်ပါတယ်။...
29/04/2026

⚙️စက်ပစ္စည်းတွေကို ထိန်းသိမ်းတဲ့နေရာမှာ အမဲဆီကမရှိမဖြစ်ဆိုပေမယ့် "တန်ဆေး လွန်ဘေး" ဆိုတဲ့စကားကို သတိပြုမိဖို့လိုအပ်ပါတယ်။

အခုတစ်ခေါက်မှာတော့ အမဲဆီကို လိုအပ်တာထက်ပိုထည့်မိရင် ဖြစ်နိုင်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။
⚠️Over Greasing ကြောင့် ဖြစ်တတ်တဲ့အရာတွေကတော့ ...

⛔စက်ပူလာခြင်း
အမဲဆီကို လိုအပ်တာထက်အပြည့်အသိပ်ထည့်မိရင်တော့ အတွင်းကလည်ပတ်နေတဲ့ ပွတ်တိုက်မှု့အား( Friction)တွေပိုများလာပြီး စက်ရဲ့ အပူချိန်ကိုတက်လာစေပါတယ်။

⛔Seal တွေပေါက်ခြင်း
အမဲဆီတွေကိုအများအပြားကို ဖိအားနဲ့ထိုးထည့်လိုက်ခြင်းကြောင့် Seal တွေလည်းပေါက်ထွက်တတ်ပါတယ်။ဒါဆိုရင်တော့ အပြင်ပိုင်းက ဖုန်နဲ့ ရေတွေက အတွင်းထဲကို ဝင်ဖို့ လမ်းကြောင်းပွင့်သွားနိုင်ပါတယ်။

⛔စွမ်းအင်နှင့် စရိတ်များပိုမိုကုန်ကျခြင်း
အမဲဆီတွေ အများအပြားကို စက်ထဲ ထည့်မိတယ်ဆိုရင်တော့ စက်လည်ရတာလေးသွားတဲ့အတွက် လျှပ်စစ်ခ (သို့)ဆီဖိုး ပိုမိုကုန်ကျစေနိုင်ပါတယ်။ဒါ့အပြင် အမဲဆီကို လိုတာထက်ပိုသုံးရတာကြောင့် ကုန်ကျစရိတ်ကလည်း ပိုမိုများပြားစေပါတယ်။
ဒါ့ကြောင့် စက်ရဲ့ Manual မှာပါတဲ့ ပမဏအတိုင်းပဲ စနစ်တကျထည့်သွင်းအသုံးပြုတာက အကောင်းဆုံး ဖြစ်ပါတယ်။

လူကြီးမင်းတို့အတွက် အမဲလိုအပ်လာတယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ Mobil မှ ထုတ်လုပ်ထားတဲ့ Mobilux EP Series တွေရှိပြီး စက်ရဲ့ လိုအပ်ချက်အလိုက် အပျော့အမာအဆင့် (NLGI Grade )တွေကို ဖြန့်ချိပေးထားတာဖြစ်လို့ လူကြီးမင်းတို့ စိတ်တိုင်းကျလည်း ဝယ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။
💁အမဲဆီနဲ့ ပတ်သတ်လို့ တစ်စုံတစ်ရာသိချင်တာတွေရှိရင်လည်း Mobil မှ ကူညီပေးဖို့ အမြဲအသင့်ရှိပါတယ်ခင်ဗျာ။

(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို AKT Holdings Company Limited မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar

Address

NO 4-A, May Kha Road, Mayangone Township
Yangon
11061

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30
Saturday 08:00 - 12:00

Telephone

+959799799805

Alerts

Be the first to know and let us send you an email when Mobil Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mobil Myanmar:

Share