Suzuki HTOO HTOO - Thingangyun

Call Directions

Suzuki HTOO HTOO - Thingangyun Suzuki Authorized car dealer for Suzuki brand new cars and service provider for all Suzuki cars. Car Dealership

Suzuki Htoo Htoo (Thingangyun)အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြိ...
31/10/2026

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Maintenance Check လုပ်ဖို့အတွက် ဘယ်လမ်းကသွားရင် အမြန်ရောက်မလဲ?

SUZUKI ကားလေးကို ပုံမှန် Maintenance Check လုပ်ဖို့ Service Center ကို သွားကြရအောင်။

လမ်းကြောင်း ၃ ခုထဲက Service Center ကို အမြန်ဆုံးရောက်နိုင်မယ့် လမ်းကို ရွေးချယ်ပြီး Comment မှာ ဖြေခဲ့ပေးပါဦး။

လူကြီးမင်းတို့နဲ့ နီးစပ်ရာ SUZUKI Authorized Service Center တွေရဲ့ လိပ်စာကို အောက်ပါ Link ထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer




Suzuki Htoo Htoo (Thingangyun)အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြိ...
28/10/2026

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Drive Belt ကို ပုံမှန် စစ်ဆေးဖို့ လိုအပ်ရဲ့လား?

အင်ဂျင်လည်ပတ်နေချိန်မှာ Alternator, Water pump နဲ့ Aircon compressor တို့ လည်ပတ်နိုင်အောင် Drive Belt က ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။

Drive Belt ကိုတော့ အဓိကအားဖြင့် ရာဘာဖြင့် ပြုလုပ်ထားတဲ့အတွက် အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ Drive Belt မှာ မာကျောလာခြင်း၊ အက်ကွဲကြောင်းဖြစ်လာခြင်းနဲ့ တင်းအားလျော့လာခြင်းတွေ ဖြစ်နိုင်တာကြောင့် ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

Drive Belt လျော့နေရင် (ဒါမှမဟုတ်) ဟောင်းနွမ်းနေရင် ဘာတွေဖြစ်လာနိုင်မလဲ?
- အင်ဂျင်ခန်းမှ ပုံမှန်မဟုတ်တဲ့ အသံထွက်ခြင်း
- ဘက်ထရီအားဝင်မှု မလုံလောက်ခြင်း
- ကားအဲကွန်း အေးမြမှု လျော့ကျခြင်း
- အင်ဂျင် Overheat ဖြစ်စေနိုင်ခြင်း စတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အဆိုးဆုံးအနေဖြင့် ကားမောင်းနေစဉ် ရုတ်တရက် Drive Belt ပြတ်သွားတဲ့အခါမှာ ဆိုရင်တော့ ကားဘက်ထရီကို အားပြန်မဝင်တော့ခြင်း၊ ကားအဲကွန်း လုံးဝမအေးတော့ခြင်း၊ အင်ဂျင် Overheat ဖြစ်ခြင်းနဲ့ အင်ဂျင်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

ကားကိုမောင်းနှင်အသုံးပြုမှု နည်းနေပေမယ့်လည်း အချိန်ကြာလာတဲ့ Drive Belt တွေမှာလည်း ဘတ်ကြိုးရဲ့ တင်းအားနဲ့ ကြံ့ခိုင်မှုအခြေနေကို စစ်ဆေးထားဖို့ အရေးကြီးပါတယ်။

ဒါကြောင့် Drive Belt ပြတ်သွားတဲ့အထိ စောင့်မနေဘဲ လူကြီးမင်းတို့ရဲ့ကားကို Periodic Maintenance ပြုလုပ်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Center တွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်တွေကို အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




🌕✨ သီတင်းကျွတ်လပြည့်နေ့ ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း ✨🌕မင်္ဂလာပါခင်ဗျာ 🙏သီတင်းကျွတ်အခါသမယမှာ Suzuki Htoo Htoo ရဲ့ မိတ်ဟ...
25/10/2026

🌕✨ သီတင်းကျွတ်လပြည့်နေ့ ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း ✨🌕

မင်္ဂလာပါခင်ဗျာ 🙏

သီတင်းကျွတ်အခါသမယမှာ Suzuki Htoo Htoo ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များအားလုံး သိရှိနိုင်စေရန် Suzuki Htoo Htoo Dagon Seikkan နှင့် Suzuki Htoo Htoo Thingangyun ဆိုင်ခွဲနှစ်ခုလုံးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ (တနင်္လာနေ့) တစ်ရက်တာ ပိတ်ရက်အဖြစ် သတ်မှတ်ထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ 🙏

📅 ပိတ်ရက် — 26.10.2026 (တစ်ရက်တာ)

ပိတ်ရက်အပြီး ကျန်ရှိသောရက်များတွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ လူကြီးမင်းတို့၏ ကားပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ 🚗🔧

💛 သီတင်းကျွတ်လပြည့်နေ့မှစ၍ Customer များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ၊ မိသားစုနှင့်အတူ ပျော်ရွှင်အေးချမ်းသော သီတင်းကျွတ်အချိန်အခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Suzuki Htoo Htoo မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🪷🙏

SUZUKI HTOO HTOO — By Your Side 💙




#သီတင်းကျွတ်လပြည့်နေ့
#ဆိုင်ပိတ်ရက်အသိပေးကြေညာခြင်း

24/10/2026

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

22/10/2026

🚨 Accident ဖြစ်သွားတဲ့ ကားတစ်စီး… ပြန်ကောင်းဖို့ ဘယ်လောက်အထိ ဂရုစိုက်ပြုပြင်ရမလဲ? 👀

ဒီတစ်ခေါက်မှာတော့ ယာဉ်တိုက်မှုကြောင့် ကိုယ်ထည်ပိုင်းနဲ့ တံခါးပိုင်းတွေ ပျက်စီးသွားခဲ့တဲ့ Suzuki Ciaz လေးကို ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။ 🔧

ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးပြီး လိုအပ်တဲ့နေရာတွေမှာ ပြုပြင်ခြင်း၊ လဲလှယ်ခြင်းတွေ လုပ်ဆောင်ပေးခဲ့သလို… 🎨

ကားရဲ့ မူလအလှအပနဲ့ လိုက်ဖက်ညီညွတ်စေဖို့ Body & Paint လုပ်ငန်းစဉ်တွေကိုလည်း သေချာဂရုစိုက် လုပ်ဆောင်ပေးထားပါတယ်။ ✨

ကားတစ်စီးကို ပြန်လည်ပြုပြင်တယ်ဆိုတာ ပျက်စီးနေတဲ့နေရာကို ဖုံးကွယ်ပေးလိုက်ရုံ မဟုတ်ပါဘူး။

ဘယ်နေရာကို ပြုပြင်ရမလဲ၊ ဘယ်အစိတ်အပိုင်းကို လဲလှယ်ရမလဲ၊ ဘယ်လိုအရည်အသွေးနဲ့ ပြန်လည်ဖော်ဆောင်ပေးရမလဲဆိုတာက အရေးကြီးပါတယ်။ 💯

ယာဉ်တိုက်မှုကြောင့် ကားပျက်စီးသွားလို့ စိတ်ပူနေတယ်ဆိုရင်…

သင့်ကားလေးကိုလည်း စနစ်တကျ စစ်ဆေးပြီး လိုအပ်တဲ့ ပြုပြင်မှုတွေအတွက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ 🤝

📍 Suzuki Htoo Htoo (Thingangyun)

အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

🔧 Body Repair | Parts Replacement | Paint Service

ကားရဲ့ အလှအပကို ပြန်ဖော်ဆောင်ဖို့… ယုံကြည်စိတ်ချရတဲ့ ပြုပြင်မှုနဲ့အတူ။ ❤️





18/10/2026

🚘 Suzuki Ciaz မှာ Main Oil Seal ဆီယိုနေလို့ စိတ်ပူနေပါသလား?

ဆီယိုတာတွေ့တာနဲ့ ကားကြီးတစ်စီးလုံး ပြဿနာတက်တော့မယ်လို့ မထင်လိုက်ပါနဲ့နော်! 👀

Suzuki Ciaz ကားလေးတွေမှာ Main Oil Seal ဟောင်းနွမ်းပျက်စီးလာတဲ့အခါ အင်ဂျင်ဆီယိုစိမ့်မှု ဖြစ်ပေါ်နိုင်ပါတယ်။ 🛠️

ဒါပေမဲ့ အရမ်းစိတ်ပူစရာမလိုပါဘူး။ အကြောင်းရင်းကို သေချာစစ်ဆေးပြီး Main Oil Seal ကို လဲလှယ်ပြုပြင်ပေးခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ✅

🔧 Suzuki Htoo Htoo (TGN) မှာ —
✅ ဆီယိုစိမ့်တဲ့နေရာကို သေချာစစ်ဆေးပေးခြင်း
✅ Main Oil Seal ကို လဲလှယ်ပြုပြင်ပေးခြင်း
✅ ပြုပြင်ပြီးနောက် ဆီယိုစိမ့်မှု ရှိ၊ မရှိ ပြန်လည်စစ်ဆေးပေးခြင်း

ကားတစ်စီးရဲ့ ပြုပြင်ထိန်းသိမ်းမှုမှာ အရေးကြီးဆုံးက ပြဿနာကို အချိန်မီသိရှိပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ ပြုပြင်ဖို့ပါပဲ။ 💙

ဆီယိုတာကို လျစ်လျူမရှုပါနဲ့။ အချိန်မီစစ်ဆေးပြီး စိတ်ချမ်းသာစွာ ခရီးဆက်လိုက်ပါ။

📍 Suzuki Htoo Htoo (TGN)

အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Suzuki Htoo Htoo (TGN) — By Your Side ❤️

11/10/2026

🚨 Suzuki Ertiga Hybrid ပိုင်ရှင်တွေ ဒီမီးလေးကို သတိထားမိကြရဲ့လားဗျာ? 👀

ကားစက်လေး စနိုးလိုက်တာနဲ့ Dashboard ပေါ်က Auto Start & Stop မီးလေး မှိတ်တုတ်မှိတ်တုတ် လင်းလာပြီဆိုရင်… 🔋⚠️

Hybrid Battery ပဲ ပြဿနာတက်တာလား? 🤔
မဟုတ်ပါဘူးဗျာ!

ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းတွေထဲမှာ အင်ဂျင်ခန်းထဲမှာ တပ်ဆင်ထားတဲ့ 12V Lead-acid Battery အားနည်းလာခြင်း၊ လဲလှယ်ဖို့ အချိန်တန်လာခြင်း တို့လည်း ပါဝင်နိုင်ပါတယ်။

ဒါကြောင့် Hybrid Battery ကိုပဲ အာရုံစိုက်မနေဘဲ 12V Battery ကိုလည်း သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်ဗျာ။ 🔧

🔋 ဒါဆို Battery လဲမယ်ဆို ဘာတွေသိထားသင့်လဲ?

Suzuki Ertiga Hybrid ရဲ့ Auto Start & Stop System အတွက် Battery ရွေးချယ်တဲ့အခါ အရွယ်အစားတစ်ခုတည်း၊ ဗို့အားတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

✅ Voltage — 12V

✅ Capacity — 45Ah

✅ CCA — 480CCA ကို ဦးစားပေးရွေးချယ်ပါ။ အနည်းဆုံး 450CCA ရှိဖို့ လိုအပ်ပါတယ်။

⚠️ သတိထားရမှာက Auto Start & Stop စနစ်ပါတဲ့ ကားတွေမှာ သာမန်ကား Battery နဲ့ သတ်မှတ်ထားတဲ့ Battery အမျိုးအစား မတူနိုင်ပါဘူး။ ကိုယ့်ကားနဲ့ ကိုက်ညီတဲ့ Battery Specification ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

❌ ဈေးသက်သာတာတစ်ခုတည်းကြောင့် Specification မကိုက်ညီတဲ့ Battery ကို မရွေးချယ်ပါနဲ့။

❌ CCA နည်းတဲ့ Battery ကို အစားထိုးတပ်ဆင်တာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ်။

🛠️ Suzuki Ertiga Hybrid မှာ Auto Start & Stop မီး မှိတ်တုတ်မှိတ်တုတ် လင်းနေပြီဆိုရင်…

Battery အားအခြေအနေ၊ CCA နဲ့ Charging System တို့ကို စစ်ဆေးပြီးမှ အကြောင်းရင်းအမှန်ကို ရှာဖွေဖြေရှင်းသင့်ပါတယ်။

🚗 Suzuki Htoo Htoo (TGN) မှာ သင့်ကားလေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို လာရောက်ဆောင်ရွက်နိုင်ပါတယ်ဗျာ။

📍 Suzuki Htoo Htoo Thingangyun
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

ကားလေးရဲ့ Battery ကောင်းမှ System လည်း စိတ်ချရမှာပါ။ ❤️






07/10/2026

🔧 “Gear ပြောင်းရတာ မတိကျတော့ဘူးဆိုရင်… Gear Cable ကို သတိထားပါ!” 👀

Suzuki Ciaz နဲ့ Ertiga Type 2 တွေမှာ တွေ့ရတတ်တဲ့ ပြဿနာလေးတစ်ခုကတော့
Gear Cable မှာပါတဲ့ Rubber Bush လေး ပျက်စီး/စားသွားတာ ဖြစ်ပါတယ်ဗျာ့။

Bush လေးက သေးသေးလေးဆိုပေမယ့်
Gear Cable ရဲ့ လှုပ်ရှားမှုကို တိကျအောင် ထိန်းပေးတဲ့ အရေးကြီးတဲ့အစိတ်အပိုင်းလေးပါ။

❗ ဒါပေမယ့် အရေးကြီးတာတစ်ချက်ရှိပါတယ်…

👉 Suzuki မှာ ဒီ Rubber Bush ကို သီးသန့် Spare Part အနေနဲ့ လဲလှယ်ပေးတာမဟုတ်ဘဲ၊ Bush ပျက်စီးသွားရင် Gear Cable တစ်ခုလုံးကို လဲလှယ်ရတာ ဖြစ်ပါတယ်။

ဒါကြောင့်—

🔹 Gear ပြောင်းရတာ မတိကျတော့တာ
🔹 Gear Lever မှာ အလွတ်ကစားမှု (Play) များလာတာ
🔹 Gear ထည့်ရတာ ပုံမှန်မဟုတ်တော့တာ
🔹 Gear Cable ဘက်မှာ ကစားမှုများလာတာ

စတဲ့ လက္ခဏာတွေ ဖြစ်လာရင်
“Gearbox ပဲ ပြဿနာဖြစ်တာလား?” ဆိုပြီး အရင်ဆုံး မထင်လိုက်ပါနဲ့ဗျာ့။ 😎

👉 Gear Cable နဲ့ Bush အခြေအနေကို အရင်ဆုံး စစ်ဆေးကြည့်ပါ။

Bush လေးတစ်ခု ပျက်သွားတာပဲဆိုပေမယ့်
လဲတဲ့အခါမှာတော့ Gear Cable Assembly တစ်ခုလုံး လဲရနိုင်ပါတယ်။ 🔧

Suzuki Ciaz / Ertiga Type 2 ကားပိုင်ရှင်များအနေနဲ့
Gear ပြောင်းတဲ့ Feeling ပုံမှန်မဟုတ်တော့ဘူးဆိုရင်
ကျွမ်းကျင်တဲ့ Technician နဲ့ စစ်ဆေးကြည့်ဖို့ မမေ့ပါနဲ့ဗျာ့။ ❤️

📍 Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

ကားလေးရဲ့ ပြဿနာကို အစိတ်အပိုင်းအသေးလေးကအစ သေချာစစ်ဆေးပေးပါတယ်။ ❤️



05/10/2026

☀️🚗 ရာသီဥတု ပူပြင်းနေပြီဆိုတော့… ကိုယ့်ရဲ့ Suzuki ကားလေးကိုရော ဂရုစိုက်ပေးနေပြီလား?

အခုလို နေပူပြီး အပူချိန်မြင့်တဲ့အချိန်မှာ
ကားကို ပုံမှန်ထက်ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်ဗျာ။ ❤️

Suzuki ချစ်သူ ကားကာကာတွေအနေနဲ့ ဒီအချက်လေးတွေကို သတိထားပေးပါ 👇

🔧 1. Engine Coolant ကို စစ်ဆေးပါ
အင်ဂျင်အပူချိန် မလွန်ကဲအောင် Coolant Level နဲ့ အခြေအနေကို ပုံမှန်စစ်ဆေးပေးပါ။

🔋 2. Battery ကို ဂရုစိုက်ပါ
အပူချိန်မြင့်တဲ့အချိန်မှာ Battery ရဲ့ သက်တမ်းနဲ့ Performance ကို ထိခိုက်နိုင်တာကြောင့် Battery Condition ကို စစ်ဆေးထားသင့်ပါတယ်။

❄️ 3. Air-Con အခြေအနေ စစ်ဆေးပါ
နေပူတဲ့နေ့မှာ Air-Con က အရေးကြီးပါတယ်။ အဲယားကွန်းမအေးတာ၊ အအေးရရှိမှုနည်းတာတွေရှိရင် မထားဘဲ စစ်ဆေးပြုပြင်ထားပါ။

🛞 4. Tyre Pressure ကို စစ်ပါ
အပူချိန်မြင့်လာတာနဲ့အမျှ Tyre Pressure လည်း ပြောင်းလဲနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ Tyre Pressure အတိုင်း ထိန်းသိမ်းထားပါ။

🛢️ 5. Engine Oil Level ကို စစ်ဆေးပါ
Engine Oil က အင်ဂျင်အတွင်း အစိတ်အပိုင်းတွေကို ချောမွေ့စွာ အလုပ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ Oil Level နဲ့ Oil Condition ကိုလည်း ပုံမှန်စစ်ဆေးပေးပါ။

☀️ 6. ကားကို နေပူထဲမှာ အချိန်ကြာကြာ မထားပါနဲ့
ဖြစ်နိုင်ရင် အရိပ်ရတဲ့နေရာ၊ အမိုးအကာအောက်မှာ ရပ်ပေးတာက ကားအတွင်းခန်းနဲ့ Exterior တွေကိုလည်း အပူဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

❤️ ကားကလည်း လူလိုပါပဲဗျာ…
ဂရုစိုက်ပေးလေလေ၊ ကိုယ်သွားချင်တဲ့နေရာကို စိတ်ချလက်ချ လိုက်ပို့ပေးနိုင်လေလေပါပဲ။

အခုလို ပူပြင်းတဲ့ရာသီမှာ
ကိုယ့် Suzuki ကားလေးကိုလည်း Regular Check လုပ်ပြီး ဂရုစိုက်ထားလိုက်ပါနော်။ 🔧🚗
မိမိကိုယ်တိုင်လဲ ဂရုစိုက် ၊မိမိကားလဲ ကားဂရုစိုက်😘😘😘

Suzuki Htoo Htoo (Thingangyun)
သင့်ကားလေးအတွက် ယုံကြည်စိတ်ချရတဲ့ Service Partner ❤️

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA



Suzuki Htoo Htoo (Thingangyun)အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြိ...
03/10/2026

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

ကွေ့ရလွယ်ကူ၊ လမ်းတိုင်းအဆင်ပြေ

လုပ်ငန်းသုံးကားတစ်စီးအတွက် ကုန်ပစ္စည်းများများ တင်ဆောင်နိုင်ရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ လမ်းကျဉ်းတွေ၊ နေရာကျဉ်းတွေမှာ လွယ်ကူစွာ မောင်းနှင်နိုင်ဖို့လည်း အရေးကြီးပါတယ်။

Suzuki Carry Pro ရဲ့ Minimum Turning Radius 4.4 Metres ကြောင့်

💠လမ်းကြားတွေမှာ ကွေ့ဝင်ရလွယ်ကူခြင်း၊
💠လမ်းကျဉ်းတွေမှာ မောင်းနှင်ရလွယ်ကူခြင်း၊
💠နေရာယူရပ်တန့်ရ လွယ်ကူခြင်း
💠ကုန်တင်၊ ကုန်ချရာမှာ လိုအပ်တဲ့ နေရာယူမှုကို ပိုမိုလွယ်ကူစေခြင်း စတဲ့ အချက်တွေကို အထောက်အကူပြုနိုင်ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းတွေအတွက် စိတ်ချရတဲ့ Suzuki Carry Pro ရဲ့ Features တွေကို ကိုယ်တိုင်လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ Website Link ထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/carrypro




Address

No. 52/53 Lay Daungkan Road, (Sa/Kha) Quarter, Thingangyun Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959267520030

Website

Alerts

Be the first to know and let us send you an email when Suzuki HTOO HTOO - Thingangyun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category

Nearby autos & automotive services