TL Carbon Cleaning Service

Call Directions Contact the business

TL Carbon Cleaning Service အဆွဲအရုန်းကျ​နေ​သောကားများ မီးသံ

အင်ဂျင်ချက်မီးလင်းရသည့် အကြောင်းများ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အင်ဂျင်ချက်မီး လင်းရခြင်းမှ...
28/09/2026

အင်ဂျင်ချက်မီးလင်းရသည့် အကြောင်းများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်ဂျင်ချက်မီး လင်းရခြင်းမှာ ယခုခေတ်မော်ဒယ်မြင့် ကားများတွင် မော်တော်ယာဉ်အင်ဂျင်အားElectronic Control Uint ခေါ် ဆင်ဆာများ
ကွန်ပျူတာစနစ်များဖြင့် အင်ဂျင်၏ လုပ်ဆောင်ချက်များ မှန် / မမှန်ကို
စောင့်ကြည့် ထိန်းချုပ်ပါသည်။

ထိုသို့ စောင့်ကြည့်ထိန်းချုပ်ရာတွင် အင်ဂျင်၏ ပုံမှန်ရှိသင့်သည့် အချက်အလက်များ
မှန် မမှန်ကို ECU Box မှ စောင့်ကြည့်လျှက်ရှိပြီး
• ဆင်ဆာများ
• အင်ဂျင်၏လုပ်ဆောင်ချက် မမှန်ခြင်း
• ရေအပူမမှန်ခြင်း
• အင်ဂျင်ဝိုင်ပုံမှန်မရှိခြင်း
• အင်ဂျင်စက်သံမမှန်ခြင်း
• ဂီယာလုပ်ဆောင်ချက်များ ချို့ယွင်းချက်ရှိသောအခါ
အင်ဂျင်ချက်မီး လင်း ပါသည်။

◼️အင်ဂျင်၏ အာရုံခံဆင်ဆာတစ်ခု ဖြစ်သော
MAF (Mass Air Flow) လေအဝင်အာရုံခံဆင်ဆာ သည် အင်ဂျင်၏ ပစ္စတင်သို့ အင်းတက် (Intake) ဘားများမှ လေစုပ်ယူသော ပမာဏနှင့် လေအပူချိန်ကို ECU သို့ သတင်းပို့ပါသည်။
အင်ဂျင်ကွန်ထရိုးဘောက်မှ
MAF မှ ပေးပို့သော လေပမာဏနှင့် လေအပူချိန် တို့ကိုလက်ခံရယူကာ အင်ဂျင်၏ အခြား ဆင်ဆာများမှ ပေးပို့သော အချက်အလက်များနှင့် အတူ တွက်ချက်ကာ အင်ဂျင်အား ဆီပေးခြင်း၊
မီးမြှင့်ပေးခြင်း ဗားတိုင်ပင်မြင့်ပေးခြင်း တို့ကို ဆောင်ရွက်ပါသည်။

ထိုသို့ ပုံမှန်ဆောင်ရွက်ရာတွင် MAF ၏ ရှိသင့် ရှိထိုက်သော အတိုင်းအတာများမှာ
အင်ဂျင်စလိုး (Idle Speed) တွင် အင်ဂျင်အား အလိုက် မည်မျှရှိရမည်၊
အင်ဂျင်အပတ်ရေ ၂၀၀၀ တွင် ဘယ်မျှရှိရမည်ကို
သူ့သတ်မှတ်ချက်အတိုင်း ရှိပြီးသားဖြစ်ပါသည်။

◼️MAF ၏ လုပ်ဆောင်ချက်များမှာ သတ်မှတ် ဘောင်အတွင်း ပုံမှန်ရှိနေပါက
အင်ဂျင် ကွန်ထရိုးဘောက်သည် အချက်အလက်များအား လက်ခံကာ ပုံမှန်ဆီပေး
မီးမြှင့်ပေး အလုပ်ကိုလုပ်ဆောင်ပါသည်။

ထိုကဲ့သို့ MAF ဆင်ဆာ၏ ပုံမှန် ပေးပို့ချက်များမှ
သတ်မှတ်ဘောင်အတွင်း မရှိတော့ဘဲ နည်းသွားခြင်းသော်၎င်း၊ များသွားခြင်းသော်၎င်း
ဖြစ်လာပါက အင်ဂျင်ကွန်ထရိုးဘောက်သည်
W (Warning) ဟုခေါ်သော မီးကြိုးလေးမှတဆင့်
မီးပေးပို့ကာ ဒိုင်ခွက်အတွင်းရှိ အင်ဂျင်ချက်မီး ကိုလင်းစေပါသည်။

◼️ ဥပမာ
တိုယိုတာ 1500cc အင်ဂျင်တွင်
အင်ဂျင်စလိုးအပတ်ရေ ၆၅၀ မှ ၇၅၀ အတွင်းတွင်
1.75 မှ 2.5 gm/sec ရှိနေပါက ပုံမှန်ဖြစ်နေသော်လည်း အင်းတက် လေအဝင်လိုင်းတွင် ဟာနေသောကြောင့်
3.0 အထက်တွင်ပြနေပါက MAF မှ
ပေးပို့သော အချက်အလက်သည် များနေပြီး
အင်ဂျင်အပတ်ရေ ၆၅၀ မှ ၇၅၀ တွင် ဝင်ရောက်ရမည့် လေထက်များနေသဖြင့်
အင်ဂျင်ချက်မီးကို လင်းစေပါသည်။

◼️အင်ဂျင်ချက်မီးမှာ ကားဝပ်ရှော့များတွင် ပြုပြင်ချိန်များတွင် ဆင်ဆာများ ဝါယာရိန်းများ ဖြုတ်ထားချိန်ပြီး ပြန်တတ်ချိန်တွင်လည်း လင်း တတ်ပါသည်။

ထိုကဲ့သို့ အင်ဂျင်ချက်မီးမျိုးမှာ Scanner စက်ဖြင့်
Reset လုပ်ကာဖျောက်လို့ရသော်လည်း...
• မော်တော်ယာဉ် မောင်းနှင်ရင်းသော်၎င်း၊
• စက်နိုးချိန်လင်းလျှင်သော်၎င်း၊
• ကားမောင်းနေချိန် အမြဲလင်းနေလျှင်သော်၎င်း
ပုံမှန်မဟုတ်သဖြင့် နီးစပ်ရာ ကျွမ်းကျင်သော
ကားဝပ်ရှော့များတွင် သွားရောက်စစ်ဆေးကာ
အင်ဂျင်ချက်မီးလင်းသော ပြစ်ချက်ကို ပြုပြင်ပြီး၍
Reset လုပ်မှသာ ချက်မီးငြိမ်းကာ ပုံမှန်ပြန်ဖြစ်မည် ဖြစ်ပါသည်။

◼️ကျွန်တော်အား မိတ်ဆွေများမှ အမြဲမေးနေကျဖြစ်သော
အင်ဂျင်ချက်မီး လင်းနေလို့
ဘာကိုပြုပြင်ရမလည်း ဟူသော မေးခွန်းမှာ
ဘာကိုပြုပြင်ရမည်ဆိုတာ ကျွန်တော်နှင့်တစ်ကွ
ကျွမ်းကျင်သော မက္ကင်းနစ်များမှာ ဖြေဆိုတတ်မည် မဟုတ်ပါ...
စက်ဖြင့် စစ်ကြည့်၍ Error code ထွက်လာမှ သာလျှင် ဘာတွေ ဘာကိုပြင်ရမည်
ဆိုတာကိုသာ ပြောနိုင်မှာဖြစ်ပါသည်။

အထက်ပါမေးခွန်းအောက်များတွင် တွေ့နေကျ ဖြစ်သော အင်ဂျင်ချက်မီးလင်းရင် ပလပ်လဲလိုက်ပါလား
လေစစ်လဲလိုက်ပါလား
လောင်စာဆီစစ်လဲလိုက်ပါလား ဆိုသော
အဖြေများမှာ သေချာ မသိမကျွမ်းကျင် သောကြောင့် ဝင်ရောက်ဖြေဆိုကြ ခြင်း ဖြစ်ပါသည်။

အင်ဂျင်ချက်မီးလင်းရသော ပြစ်ချက်ကုတ်များမှာ
များစွာရှိပေရာ ကားတစ်စီးနှင့် တစ်စီး ပြစ်ချက်ကုတ် မတူပါက အထက်က ပြောသော အရာများ လုပ်သော်လည်း ပျောက်မည် မဟုတ်သလို ငွေ နှစ်ခါကုန် ဖြစ်တတ်ပါသည်။

◼️အင်ဂျင်ချက်မီးလင်းနေ၍ ဆက်မောင်း၍ ရလားဟူသော မေးခွန်းမျိုးမှာလည်း ဖုန်းဖြင့်
မကြာခဏ မေးတတ်သော မေးခွန်းမျိုးဖြစ်ပါသည်။

◼️အင်ဂျင်ချက်မီးလင်းသောပြစ်ချက်များတွင်
ကားဆက်မောင်း၍ ရသောပြစ်ချက်များရှိသလို
ဆက်မောင်းရန် မသင့်သော ပြစ်ချက်များလည်း
ရှိပါသည်။

◼️ဆက်မောင်းရန်မသင့်သော ပြစ်ချက်များမှာ
> ရေအပူချိန်များ၍ လင်းသောပြစ်ချက်များ
> အင်ဂျင်ဝိုင်နည်း၍ ခမ်း၍ ပြလာသောပြစ်ချက်များ
> စက်သံကြမ်း (Knock) ၍ ပြလာသောပြစ်ချက်များ
> ချာဂျင်အဝင်မမှန်သောကြောင့်ပြသောပြစ်ချက်များ မှာ ဆက်မောင်းရန် မသင့်တော်ပါ...

◼️ရေအပူချိန်များ၍ အင်ဂျင်ချက်မီး လင်းသော ပြစ်ချက်ဖြစ်လျှက်ဂရုမစိုက်ဘဲ ဆက်လက်မောင်းနှင်ပါကရေဆူကာ ဂက်စကက်ပြတ်ခြင်း၊
အင်ဂျင်အပူချိန်များကာ ထိုးရပ်ခြင်း တို့ဖြစ်ကာအင်ဂျင်ပျက်စီးတတ်ပါသည်။

◼️အင်ဂျင်ဝိုင်နည်း၍ ခမ်း၍ အင်ဂျင်ချက်မီးလင်းသော
ပြစ်ချက်ဖြစ်နေလျှက် ဆက်လက်မောင်းနှင်ပါက
ဘယ်ရင်ပျော်ကာ
အင်ဂျင်ပျက်စီးပြီး ထိုးရပ်တတ်ပါသည်။

◼️စက်သံကြမ်း( Knock) ၍ လင်းသောပြစ်ချက် ဖြစ်လျှက် ဆက်လက်မောင်းနှင်ပါကလည်း ကွန်နတင်းခေါက်နေခြင်း၊ပစ္စတင်စား၍ အစင်းဖြစ်နေခြင်းဖြစ်ပါက
လမ်းတွင် အင်ဂျင်ထိုးရပ်တတ်ပါသည်။

◼️ချာဂျင်အဝင်မမှန်သောကြောင့် ပြသောပြစ်ချက်မှာ ချာဂျင်အနည်းငယ်ဝင်နေပါက ဘက္ထရီအိုးပုံချာဂျင်မီးအနီလေး မပြတတ်ပါ။
ထိုအချိန်တွင် ဆက်လက်မောင်းနှင်သွားပါက
အဲယားကွန်း၊ ရှေ့မီးကြီးများဖွင့်ကာ မောင်းနှင်သွားချိန်တွင် ဘက္ထရီအားကုန်ကာ ထိုးရပ်တတ်ပါသည်။

◼️ကျန် ပြစ်ချက်များဖြစ်သော ဆီနည်းခြင်း၊
ဆီများခြင်း၊ ဆင်ဆာများ မမှန်ခြင်း၊
ဂီယာပြစ်ချက်များကြောင့် လင်းခြင်းသည်လည်းဆက်လက်မောင်းနှင်၍ ရသော်လည်း
အခန့်မသင့်ပါက ထိုးရပ်တတ်ပါသေးသည်။
ထိုပြစ်ချက်များကြောင့် ထိုးရပ်ပါက စက်ပြန်နိုး၍
ရပါက ဆက်လက်မောင်းနှင်၍ ရပါသည်။

◼️အင်ဂျင်ချက်မီးလင်းလာပါက မိမိကားအား
• ရေဆူခြင်း ရှိ မရှိ၊
• အင်ဂျင်အပူချိန် လိုအပ်သည်ထက် ပိုပူနေခြင်း ရှိ မရှိ၊
• အင်ဂျင်ဝိုင် ရှိ မရှိ၊
• စက်သံကြမ်း မကြမ်း၊
• စက်သံ မှန် မမှန် တို့ကို ပထမဦးစွာ မဖြစ်မနေ စစ်ဆေးသင့်ပါသည်။

🔹ရေအပူချိန်ပုံမှန်၊ အင်ဂျင်အပူချိန်ပုံမှန်၊
အင်ဂျင်ဝိုင်ပုံမှန်ရှိ၊ စက်သံမကြမ်း၊
စက်သံမှန်ပါက ဆက်လက်မောင်းနှင်ပြီး
နီးစပ်ရာ ကျွမ်းကျင်သောဝပ်ရှော့တွင်
အင်ဂျင်ချက်မီး လင်းနေကြောင်း ဝင်ရောက်ပြသ
စစ်ဆေးသင့်ပါသည်။

Credit -Original
မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်။
ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်
photocredit

ရေလည်အုံပျက်စီးနေပြီဆိုတာ ဘယ်လိုသိရှိနိုင်မလဲ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မော်တော်ကားအင်ဂျင်အ...
27/09/2026

ရေလည်အုံပျက်စီးနေပြီဆိုတာ ဘယ်လိုသိရှိနိုင်မလဲ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မော်တော်ကားအင်ဂျင်အအေးပေးစနစ် (Engine Cooling System) မှာ အင်ဂျင်ကူးလန့်များကို လည်ပတ်စီးဆင်းအောင် ရေလည်အုံက ပြုလုပ်ပေးတာဖြစ်ပါတယ်။

ရေလည်အုံ မကောင်းတဲ့အခါ အင်ဂျင်အိုဗာဟိဖြစ်နိူင်တဲ့အတွက် အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ရေလည်အုံ ပျက်စီးနေပြီဆိုတာကို သိနိူင်တဲ့အချက်တွေနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

🔹၁။ ကူးလန့် ယိုစိမ့်ခြင်း

ရေလည်အုံရဲ့ အတွင်းထဲမှာ ဂတ်စကက်များ၊ ဆီးလ် (Seal) များနှင့် အထပ်ထပ်တည်ဆောက်ထားကာ ရေယိုစိမ့်မှုမဖြစ်အောင် ပြုလုပ်ထားပါတယ်။

အထဲက ဆီးလ်နှင့် ဂတ်စကက်တွေပျက်စီးတဲ့အခါ ရေလည်အုံထဲမှာ ကူးလန့်တွေယိုစိမ့်ထွက်ကျလာမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ရေလည်အုံကို လဲပေးသင့်တာဖြစ်ပါတယ်။

🔹၂။ သံချေးတက်ခြင်းနှင့် ယိုစိမ့်မှုအနည်းငယ်တွေ့ရခြင်း

အင်ဂျင်ကူးလန့်ကို အသုံးမပြုဘဲ ရိုးရိုးရေကို အသုံးပြုခြင်းကြောင့် ရေလည်အုံ သံချေးတက်နိူင်ပါတယ်။

ရေလည်အုံမှာ သံချေးတက်ခြင်းနှင့် ယိုစိမ့်မှုအနည်းငယ်တွေ့ရတယ်ဆိုရင်လည်း ရေလည်အုံ ပျက်စီးနေပြီဆိုတာကို သိရှိနိူင်ပါတယ်။

ဒါကြောင့် ရိုးရိုးရေအစား အင်ဂျင်ကူးလန့်ကို အသုံးပြုစေချင်ပါတယ်။

🔹၃။ ဆူညံသံထွက်ခြင်း

အင်ဂျင်ကိုလီဗာနင်းလိုက်တဲ့အခါ အင်ဂျင်ရှေ့ဘက်ခြမ်းက ဆူညံသံ (ဥပမာ ဘောဘယ်ရာရင်ကြိတ်သံ) ကြားရပြီးဆိုရင်လည်း ရေလည်အုံကို စစ်ဆေးသင့်ပါတယ်။

တခါတလေ ဘက်ကြိုးချော်ပြီး ဘတ်ကြိုးချော်သံတွေလည်းဖြစ်နိူင်သလို ကြားခံပူလီ (Idler Pulley)၊ အော်တာနေတာ (ဒိုင်နမို) ပူလီကြောင့်လည်း ဖြစ်နိူင်ပါတယ်။

ဒါကြောင့် ရေလည်အုံကို သေချာလှည့်ကြည့်ပြီး ဘောသံထွက် မထွက် သေချာစစ်ဆေးသင့်ပါတယ်။

🔹၄။ အိုဗာဟိဖြစ်ခြင်း

မော်တော်ကားရဲ့ ဒိုင်ခွက်မှာ အင်ဂျင်အပူချိန်ကို ဖော်ပြတဲ့ ဟိဂိတ်ရှိပါတယ်။

အဲ့ဒီဟိဂိတ်က ပုံမှန်အခြေနေမှာ တဝက်ခန့်သာရှိပြီး အင်ဂျင်ဟိတတ်ပြီးဆိုရင်တော့ တဝက်ကျော်ကာအနီရောင်မျဉ်းထဲအထိ ရောက်သွားမှာဖြစ်ပါတယ်။

ရေလည်အုံအလုပ်မလုပ်ရင် အင်ဂျင်အိုဗာဟိဖြစ်နိူင်တာကြောင့် ရေလည်အုံကိုလည်း စစ်ဆေးသင့်ပါတယ်။

အင်ဂျင်အိုဗာဟိဖြစ်ခြင်းက အရမ်းအန္တရာယ်များသလို ကုန်ကျစရိတ်လည်း အများကြီးကျနိူင်ပါတယ်။

ဒါကြောင့် ရေလည်အုံကို ပုံမှန်စစ်ဆေးသင့်သလို သတ်မှတ်ထားတဲ့ အင်ဂျင်အအေးခံရေ (ကူးလန့်) ကိုလည်း အချိုးအစားမှန်ကန်စွာ အသုံးပြုပေးသင့်ပါတယ်။

အင်ဂျင်ကူးလန့်သာအသုံးပြုမယ်ဆိုရင် ရေလည်အုံရဲ့ သက်တမ်းက မိုင် 60,000 မှ မိုင် 90,000 အထိ အသုံးပြုနိူင်ပါတယ်။

Credit: Original
မူရင်းရေးသားသူအားလေးစားစွာ Credit ပေးပါသည်

ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်

ဆီစားသက်သာအောင် Ecomode အမြဲဖွင့်မောင်းရင် ရေရှည်မှာ အင်ဂျင်ဂီယာ ထိခိုက်စေနိုင်လား ?~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
26/09/2026

ဆီစားသက်သာအောင် Ecomode အမြဲဖွင့်မောင်းရင် ရေရှည်မှာ အင်ဂျင်ဂီယာ ထိခိုက်စေနိုင်လား ?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားမှာ ရံဖန်ရံခါ ဖွင့်သုံးလေ့ရှိတဲ့ Ecomode အကြောင်း ​မိတ်ဆွေတို့ကြားဖူးကြမှာပါ။

Ecomode က ကားဆီစားသက်သာအောင် အသုံးပြုကြပါတယ်။

ကျွန်တော်တို့ mobile phone တွေမှာဆိုရင် battery saving mode ၂ မျိုးရှိတယ်။ battery saving mode နဲ့ Ultra saving mode ဆိုပြီးဖြစ်ပါတယ်။
ရိုးရိုး battery saving mode မှာဆိုရင် ram ပိုင်းတွေ ၊ refresh rate တွေ ၊ screen resolution ပိုင်းတွေ ၊ display sleep စသဖြင့် phone ရဲ့ battery စားနိုင်တဲ့ လုပ်ဆောင်မှုတွေကို လျော့ချပလိုက်တယ်။
ဒါ့ကြောင့် battery က ပိုပြီးအားခံပါတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုရင် ဖုန်းက သုံးရတာမကောင်းဘူး။ multiple-testing ပိုင်းမှာ မကောင်းတော့ဘူး။
gaming performance ကျသွားတယ်။
web browser သုံးရတာ မကောင်းဘူး။
ဖုန်းက hang ချင်တယ်။
ထစ်ချင်တယ်။
ပူတက်လာမယ် စသဖြင့် အဲ့လို ပြောင်းလဲမှုတွေရှိလာပါတယ်။
သုံးလို့မရတာတော့မဟုတ်ဘူး။
သုံးလို့မကောင်းတော့တာမျိုးဖြစ်ပါတယ်။

ကားမှာလဲ ဒီသဘောမျိုး အတူတူပါပဲ။
Ecomode ဖွင့်လိုက်တဲ့ အချိန်မှာ ကားကွန်ပြူတာဘောက်သည် အင်ဂျင်နဲ့ဂီယာအစိတ်အပိုင်းတွေရှိ ဆီးစားနိုင်သော အခြေအနေအားလုံးကို ပိတ်ချလိုက်ပါတယ်။

ဥပမာ A/C မအေးတော့ဘူးပေါ့။
လေအိပ်ကားတွေဆိုရင် လေအိပ်အတင်အချမရတော့ဘူး။
Ecomode နဲ့ မောင်းတဲ့အခါမှာ ကားသည် ပုံမှန်ရရှိနေတဲ့ ဆီလေအချိုးကို မရတော့ဘူး။
ဒါ့ကြောင့် performance ကျတယ်။
အင်ဂျင်ဂီယာ လုပ်ဆောင်မှုပိုင်းမှာ တော်ရုံလောက်ပဲ အလုပ်လုပ်နေတဲ့ သဘောမျိုးဖြစ်ပါတယ်။

လီဘာနင်းပေမဲ့ rpm အမြင့်တွေကို မတက်တော့တာမျိုး ၊ ဂီယာအချက်အမြင့်တွေကို မရောက်တော့တာမျိုး ၊ ရောက်ရင်တောင် ရှိသင့်ရှိထိုက်တဲ့ အရုန်းအဆွဲ မရရှိတာမျိုး ၊ စတီယာရင်ပိုင်း ၊ ဆက်စပန်းရှင်း စသဖြင့်။ sport mode နဲ့ normal mode တွေက performance ဦးစားပေးဖြစ်ပါတယ်။

Eco/Econ mode သုံးခြင်းဖြင့် Ford ကားတွေမှာ ရှိသင့်ရှိထိုက်တဲ့ ဆီစား ပမာဏထက် 20% လောက်သက်သွားမှာဖြစ်ပြီး Honda မှာဆိုရင် 10% ၊ Toyota ဆိုရင် 8% လောက်သက်သွားပါတယ်။

ဒီအချက်အလက်တွေက သူတို့ပြောထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။

လက်တွေ့မှာ တကယ်တမ်းသက်သာနိုင်ပါ့မယ်လား။ လက်တွေ့မောင်းစမ်းကြည့်မှပဲ သိနိုင်ပါလိမ့်မယ်။

ရေရှည်အင်ဂျင်ထိခိုက်နိုင်လားဆိုတာကတော့ eco mode သုံးလို့ ထိခိုက်နိုင်တာမျိုးကတော့ မရှိပါဘူး။
ကိုယ့်ရဲ့ မောင်းနှင်မှု action ကြောင့် နဲ့ စနစ်တကျ ပြုပြင်ထိန်းသိမ်းမှု maintenance ပိုင်းမှာဘဲ စကားပြောသွားမှာဖြစ်ပါတယ်။

ကိုယ်က ကားကို အမြန်မောင်းတဲ့သူဖြစ်တယ်။
ဝိတ်တင်ပြီးလဲ မောင်းတက်တယ်။
ဒါမျိုးဆိုရင် Ecomode သုံးလို့ဘယ်ဖြစ်မလဲ အနည်းဆုံး normal mode လောက်မောင်းသင့်တာပေါ့။
ဖြစ်နိုင်ရင် sport mode နဲ့သုံးသင့်တယ်။

Eco mode သုံးလို့ ကားပျက်ပါတယ်ဆိုတာ မရှိပါဘူး။
ကိုယ်မောင်းတဲ့ action ကြောင့်သာ ပျက်စီးနိုင်ပါကြောင်း

Cr :Auto Mechanic book
မူရင်းရေးသားသူအားလေးစားစွာ Creditပေးပါသည်
ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်

ကားတစ်စီးရဲ့ Ball Joint  မကောင်းတော့ရင်...~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
25/09/2026

ကားတစ်စီးရဲ့ Ball Joint မကောင်းတော့ရင်...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားတစ်စီးရဲ့ Ball Joint မကောင်းတော့ရင် သို့မဟုတ် ပျက်စီးနေရင် အောက်ပါ လက္ခဏာတွေနဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်

​၁။ ကားအောက်ပိုင်းမှ အသံဆန်းများ ထွက်ခြင်း (Clunking / Squeaking Noise)

​ကြမ်းတမ်းတဲ့လမ်း၊ လမ်းချိုင့်ခွက်တွေကို ဖြတ်တဲ့အခါ ဒါမှမဟုတ် ကွေ့လိုက်တဲ့အခါ အောက်ပိုင်းကနေ "ဂျောက် ဂျောက်" သို့မဟုတ် "ဒုန်း ဒုန်း" ဟု ရိုက်သံထွက်တတ်ပါတယ်။

​ဘောဂျွိုင်းထဲမှာပါတဲ့ အဆီခမ်းသွားရင်တော့ စတီယာရင်ကွေ့တဲ့အခါ "ကျီ ကျီ" ဟု ပွတ်တိုက်သံ ထွက်လေ့ရှိပါတယ်။

​၂။ စတီယာရင် တုန်ခြင်း (Steering Issues)

​မောင်းနှင်နေစဉ် စတီယာရင်ဘီး တုန်ခါနေတတ်ပါတယ်။

Ball Joint လျော့နေရင် စတီယာရင် ကစားရတာ အရမ်းချောင်နေသလို ခံစားရပြီး၊ ဂျမ်ဖြစ် နေရင်တော့ ကွေ့ရတာ လေးပြီး တင်းနေတတ်ပါတယ်။

​၃။ ကားဘေးသို့ ဆွဲခြင်း (Vehicle Pulling)

​ဘောဂျွိုင်း စားသွားတဲ့အခါ ဘီးရဲ့ Alignmentပျက်သွားတာကြောင့် စတီယာရင်ကို တင်းတင်းကိုင်မထားရင် ကားက ဘယ် သို့မဟုတ် ညာဘက်သို့ အလိုလို ဆွဲယိုင်သွားတတ်ပါတယ်။

​၄။ တာယာ မညီမညာ စားခြင်း (Uneven Tire Wear)

​ဘောဂျွိုင်း မကောင်းရင် တာယာရဲ့ အတွင်းဘက် သို့မဟုတ် အပြင်ဘက် တစ်ခြမ်းတည်းကိုပဲ ပိုပြီး စားသွားတတ်ပါတယ်

Ball Joint ဟာ ကားဘီးနဲ့ အောက်ပိုင်း Suspension စနစ်ကို ထိန်းထားပေးတဲ့ အဓိက အစိတ်ပိုင်းဖြစ်တာကြောင့် လုံးဝ ပြုတ်ထွက်သွားပါက အရှိန်နဲ့မောင်းနေစဉ် ကားဘီး ကျွတ်ထွက်သွားခြင်း သို့မဟုတ် ဘီးလှန်သွားခြင်း တို့ ဖြစ်ပေါ်ပြီး ကြီးမားတဲ့ ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်ပါတယ်။

​ဒါကြောင့် အထက်ပါ လက္ခဏာတွေ စတင်တွေ့ရှိရပါက မပေါ့ဆဘဲ အောက်ပိုင်း စစ်ဆေးပြီး Ball Joint ကို အမြန်ဆုံး လဲလှယ်သင့်ပါတယ်။

24/09/2026

TL Carbon Service မှ

ကာဗွန်ဂျိုးဆေးကြောခြင်း နှင့် ကျောက်ဇကာဆေးကြောခြင်း တို့ကို ဈေးနှုန်းသက်သာစွာ ဝန်ဆောင်မှုပေးနေပါသည်။

ကျောက်ဇကာ (Catalytic Converter) ဆေးရင် ဘာတွေထူးခြားမလဲ?

​ "ကျောက်ဇကာ" ဆေးကြောသန့်စင်ခြင်းဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ -

​🚀 အဆွဲအရုန်း သိသိသာသာ ပေါ့ပါးသွားခြင်း။

​⛽ လောင်စာဆီ စားနှုန်းကို ပြန်လည်သက်သာစေခြင်း။

​🔥 အင်ဂျင် အပူတက်ခြင်းကို လျှော့ချပေးခြင်း။

​💨 အိတ်ဇော အနံ့ဆိုးနှင့် မီးခိုးမည်းများ ပျောက်ကွယ်ခြင်း။

​💰 ကျောက်ဇကာအသစ်လဲရမည့် ကုန်ကျစရိတ်ကို သက်သာစေခြင်း။

​"အင်ဂျင်သက်တမ်း ပိုရှည်ဖို့ ကျောက်ဇကာကို ပုံမှန်ဆေးကြောသင့်ပါတယ် "


👉▪️Carbon Cleaning

သင့်ကား အရင်လို မရုန်းတော့ဘူးလား? ဆီစားတွေ အရမ်းများနေပြီလား?ြ

​အင်ဂျင်အတွင်းပိုင်းမှာ ကပ်ငြိနေတဲ့ ကာဗွန်ဂျိုး (Carbon) တွေကြောင့် သင့်ကားရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းနေတာ ဖြစ်နိုင်ပါတယ်။ Carbon Cleaning လုပ်ပြီး အသစ်အတိုင်း ပြန်ဖြစ်အောင် ဖန်တီးလိုက်ပါ။

Carbon Cleaning လုပ်ခြင်းကြောင့် ရရှိမည့် ရလဒ်များ

​🚀အင်ဂျင်ရုန်းအား သိသိသာသာ ပြန်ကောင်းလာခြင်း။

​⛽လောင်စာဆီလောင်ကျွမ်းမှု ပိုမိုကောင်းမွန်လာခြင်း။

​🔇စက်နှိုးထားစဉ် တုန်ခါမှုနှင့် ဆူညံသံများ လျော့ကျသွားခြင်း။

​🌍အိတ်ဇောမှ အဆိပ်ငွေ့နှင့် မီးခိုးမည်းထွက်ခြင်းကို ထိန်းချုပ်ပေးခြင်း။

​🛠️အင်ဂျင်အစိတ်အပိုင်းများ ပျက်စီးမှုကို ကာကွယ်ပေးခြင်း။

​💰 ဈေးနှုန်းများ -

Carbon service

​3 လုံးထိုး အင်ဂျင် - 25,000 ks

​4 လုံးထိုး အင်ဂျင် - 35,000 ks

​6 လုံးထိုး အင်ဂျင် - 50,000 ks

8 လုံးထိုးအင်ဂျင် - 70000 ks

​ကျောက်ဇကာ ဆေးကြော - 30,000 ks / 50,000 ks

📞 ဆက်သွယ်ရန်

​🚕 ကိုသက်လွင် 🚕

📍 ကြည့်မြင်တိုင် ရဲစခန်းဘေးလမ်း၊ ရုံးကြီးလမ်း / ဗားကရာချောက်အနီး၊ ရန်ကုန်။

​☎️ Ph: 09 44300 3881

☎️ Ph: 09 79 65 29677

Shift Lock Release Button ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဒါကတော့ ဂီယာလက်တံ ရ...
23/09/2026

Shift Lock Release Button
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါကတော့ ဂီယာလက်တံ ရွှေ့မရဖြစ်တတ်တဲ့အခါ Emergency အနေနဲ့ ဂီယာလက်တံရွှေ့ရအောင် လုပ်ထားတဲ့ ခလုတ်လေးပါ ။
ကားမောင်းဖို့ စက်နှိုးပြီး ဂီယာလည်းထိုးရော ဂီယာလက်တံက ရွှေ့မရတော့ဘူး P ( Parking ) နေရာမှာပဲ ရှိနေတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို Emergency အနေနဲ့ အသုံးပြုပြီး Gear Position တွေပြောင်းလဲရနိုင်ပါတယ် ။
ဂီယာသင်္ကေတ P, R, N, D, 2 စတဲ့ဂဏန်းတွေရဲ့ အပေါ်မှာ ဘေးမှာရှိတတ်ပါတယ် ။
တချို့အမျိုးအစား ကားတွေမှာ ဘုလေးတွေအဖြစ်ရှိနေပြီး ၊ တချို.ကားတွေမှာတော့ သော့တို့ ၊ ၀က်အူလှည့်တို့နဲ့ ထိုးမှ ရတဲ့ အချိုင့်လေးတွေ ထဲမှာ တည်ရှိတတ်ပါတယ် ။
ပုံမှာကြည့်နိုင်ပါတယ် ။
ဂီယာလက်တံ ရွှေ့မရတာမျိုးတွေကတော့
🔸1. Brake Switch တွေပျက်တာ ၊
🔸2. ကြိုးလိုင်းတွေပျက်တာ
🔸3. Shift Solenoid ပျက်တာ အစရှိသဖြင့် အမျိုးမျိုးရှိတတ်ပါတယ် ။
ကားမောင်းဖို့ စက်နှိုးပြီး စစထွက်ဖို့ ကားဂီယာထိုးမရတော့ဘူး ဆိုတဲ့အချိန် ဘရိတ်နင်း ဒီခလုတ်လေးကို ဖိထားပြီး ဂီယာကို D ရွှေ့ရသလို ( ဒါမှမဟုတ် ) ကားကို တနေရာရာမှာ ရပ်ထားပြီး သော့ဖွင့်မရ စက်နှိုး မရတော့တဲ့အချိန် ကားကိုနေရာရွှေ့ဖို့ လိုလာတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို နှိပ်ပြီး ကားကို N ( Neutral ) မှာထားပြီး ကားကိုတွန်း ရွှေ့လို့ရပါတယ် ။
ဒါလေးတွေကလည်း ကားမှာပါတဲ့ Safety Lock လေးနဲ့ ဆက်စပ်ပြီး သိသင့်သိထိုက်တဲ့ အရေးကြီး အချက်လေးတွေပါ ။
ဒီအချက်လေးတွေကို သိထားခြင်းဖြင့် မတော်တဆ ကြုံတွေ့လာရရင် ကိုယ်တိုင် ဖြေရှင်းနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ပါတယ်။

crd-
မူရင်းရေးသားမျှဝေသူအားလေးစားစွာ Credit ပေးပါသည်
(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

အင်ဂျင် Slow မငြိမ်ရင် ပြုပြင်သင့်သောအရာများ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကားအင်ဂျင် Sl...
22/09/2026

အင်ဂျင် Slow မငြိမ်ရင် ပြုပြင်သင့်သောအရာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားအင်ဂျင် Slow မငြိမ်ရင် ပုံမှန်အားဖြင့် Car Plug, Oil Tank Filter, Carbon cleaning, Engine Mounting, etc စတဲ့ အချက်တွေ စစ်ဆေးပြုပြင်ကြပါတယ်။

စစ်ဆေးပြုပြင်တဲ့အခါမှာလည်း အထက်ပါ အချက်တွေစစ်ဆေးပြီး အဆင်​​​ပြေသွားတဲ့ကားများရှိသလို အဆင်မပြေတဲ့ကားတွေလည်းရှိပါတယ်။

ကားအားလုံးလုပ်ရမည်မဆိုလိုပါ..
ဖြုတ်စစ်ပြီးလိုအပ်သောကားများအတွက်သာဖြစ်ပါတယ်။

အဲ့ဒါကတော့ MAF Sensor,Throttle Body Cleaning ဖြစ်ပါတယ်။

ဒါကတော့ ကားအင်ဂျင်ပေါက်ကွဲရင် ဆီ နဲ့ လေအချိုးကျ ပေါက်ကွဲဖို့ လေတံခါးအတွက် လေစုပ်ယူဖို့ အာရုံခံပေးတဲ့အပိုင်းဖြစ်ပါတယ်။

ဒီအပိုင်းက ကားအင်ဂျင်ခန်းအတွင် လေပိုက်အကြီးဆုံး လေစစ်နဲ့တွဲထားတဲ့ ပိုင်းလိုက်ကြီး ပါ။
ဒီအပိုင်းကို ဖြုတ်ပြီရင် လေတံခါးအပေါက်တွေကို တွေ့ရပါလိမ့်မယ်။

ထိုလေတံခါးအပေါက်ထဲကို လက်နဲ့မထိုးမိဖို့ သတိပြုရပါမယ်။

ဆေးရမယ့်အရာတွေကတော့ Mass Air Flow နဲ့ Throttle Body (လေတံခါး)ကိုဆေးရပါမယ်။

ထိုလေတံခါးအပေါက်ထဲမှာရှိတဲ့ မဲမဲတူးတူးဂျီးတွေတွေ့ရင် သေချာပါပြီ ။ ဒီဂျီတွေကို ဆေးဖို့ အတွက် ဆေးရည်အမျိုးအစား Brand ပေါ်မူတည်ပြီး Design အမျိုးမျိုးနဲ့လာပါတယ်။

ဆေးရမယ့်ပုံစံကတော့ Throttle Body (လေတံခါး) ကို ဆေးဘူးတွေမှာပါ ကော်ပိုက်သေးသေးနဲ့ Spray အသုံးပြုပြီ ဆေးကြောရမှာဖြစ်ပါတယ်။

လက်နိုက်သန့်စင် ၊ လက်ထည့်သန့်စင်တာမျိုးမပြုလုပ်ရပါ။
Spray ဖြန်းပြီးရင် Throttle Body မှာ ကပ်ရှိနေတဲ့ ဂျီးတွေက သူအလိုလိုကျဆင်းလာပါလိမ့်မယ်။

Cleaning Spray ဝယ်မရတဲ့ပြဿနာမျိုးကြုံတွေ့ပါ
ဓာတ်ဆီကို အဝတ်စပါးပါးတွင် စွတ်ပြီး ပြုလုပ်နိုင်ပါတယ်။
🚨(သတိထားရန်။ ။ မကျွမ်းကျင်လျှင်အင်ဂျင် Check မီးလင်းတတ်ပါတယ်။)

ဆေးကြောပြီးနောက် သေချာစွာပြန်တပ်ပြီး စက်နှိုးကြည့်ပါ
သိသိသာသာ Slow ငြိမ်သွားပါလိမ့်မယ်။

(Myanmar Automobile Guide မှကူးယူ​ဖော်ပြပါသည်)
Credit
မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်။
ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်

ကားအောက်ပိုင်းစိတ်၀င်စားတဲ့မိတ်ဆွေတွေ အတွက်ကားအောက်ပိုင်း ပြုပြင်နည်းများ နှင့် သိမှတ်ဖွယ်ရာများ ~~~~~~~~~~~~~~~~~~~~~~~...
21/09/2026

ကားအောက်ပိုင်းစိတ်၀င်စားတဲ့မိတ်ဆွေတွေ အတွက်
ကားအောက်ပိုင်း ပြုပြင်နည်းများ နှင့် သိမှတ်ဖွယ်ရာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကားအောက်ပိုင်းနဲ့ ပတ်သက်လာရင် မိတ်ဆွေတို့ ပြောနေကျ စကားတစ်လုံးရှိပါတယ်။

အဲ့ဒါက " ဘယ်ဆိုင်ကောင်းလဲ ၊ လက်ခသက်သာရဲ့လား ၊ သေချာကော လုပ်ပေးရဲ့လား " ဟူ၍ဖြစ်ပါတယ်။

ဘာကြောင့် အဲ့လိုမေးတာလည်းဆိုရင် ကားအောက်ပိုင်းအစိတ်အပိုင်းတွေသည်
အမြဲတမ်း ပြုပြင်နေရတဲ့ အစိတ်အပိုင်းတွေဖြစ်တာနဲ့အညီ ၊ စနစ်တကျ ပြုပြင်တက်ဖို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။

ဒါ့ကြောင့် ကားပိုင်ရှင်တွေ အနေနဲ့လည်း အောက်ပိုင်းဆိုင်ကောင်းကောင်းကို ရှာကြတယ်။ ဝပ်ရှော့ဆရာများ အနေနဲ့ကတော့ အပိုပစ္စည်းသက်သက်သာသာဆိုင်ကို ရှာကြတယ်။

ကားအောက်ပိုင်းမှာ ဒူးဆစ် ၊ ဘောဂျိုင့် ၊ တိုင်းရော့ ၊ လင့် ၊ ရှော့ဘား ၊ တာယာ စတဲ့ အစိတ်အပိုင်းတွေသည် အလဲအပြုများကြပါတယ်။

ဒါဆိုရင် ကားအောက်ပိုင်းနဲ့ ပတ်သက်ပြီး အောက်ပါ အစိတ်အပိုင်းတွေကို
မဖြစ်မနေသိထားသင့်ပါတယ်။

▪️Tie rod (တိုက်ရော့)
▪️ Tie rod end (မိန်းလုံး)
▪️ ball joint (ဘောဂျိုင်း)
▪️ CV joint (ဒူးဆစ်)
▪️ stabilizer bar (နှုတ်ခမ်းမွှေးတန်း)
▪️ shock absorber (ရှော့ဘား)
▪️ Rubber bushing (ရာဘာဘွတ်)
▪️ links (လင့်)
▪️Arm (upper/lower) =အမ်း(လက်ဝါး)
▪️ coil spring (ကွိုင်ဆပရင်)
▪️ Bellows (သဲကာ) တို့ဖြစ်ပါတယ်။

ကားအောက်ပိုင်းနဲ့ ပတ်သက်ပြီး
အသံမြည်တာမျိုး ၊ တုန်ခါတာမျိုး တို့နဲ့ ပတ်သက်ပြီး အကြောင်းအရင်းတွေများစွာ
ရှိပါတယ်။

◼️ပထမအကြောင်းအရင်းအနေနဲ့ ကားအတွင်းခန်းပိုင်း အင်ဂျင် ၊ ဂီယာဘောက် စတဲ့ အစိတ်အပိုင်းတွေကို ဒီဇိုင်းထုတ်လုပ်ခဲ့စဥ်ကတည်းက အားနည်းချက်ကြောင့်လည်း ချိန်သားမကိုက်ဘဲ
တုန်ခါမှုဖြစ်ပေါ်လာနိုင်ပါတယ်။

◼️ဒုတိယအချက်က အင်ဂျင်ခန်းးအတွင်း အင်ဂျင်မောင်းတိန်းပိုင်း အားနည်းချက် တစ်ခုခုကြောင့် တုန်ခါမှုဖြစ်ပေါ်နိုင်ပါတယ်။ အင်ဂျင်မောင်းတိန်း ၊ ဂီယာမောင်းတိန်းတွေ မကောင်းရင် တုန်ခါမှုဖြစ်ပေါ်နိုင်ပါတယ်။

မောင်းတိန်းတွေရဲ့ အားနည်းချက်က ၎င်းတို့ကို ထုတ်လုပ်ခဲ့စဥ်မှာ ကုန်ကြမ်းအရည်အသွေး မကောင်းလို့ သုံးကြည့်တဲ့အခါမှာ တာရှည်မခံတာမျိုး ၊ ဆိုဒ်မမှန်တာမျိုးတွေကြောင့် ပျက်စီးပြီး တုန်ခါမှုဖြစ်ပေါ်နိုင်ပါတယ်။

◼️အင်ဂျင်တုန်ခါခြင်းရဲ့ တတိယအကြောင်းအရင်းက အင်ဂျင်နဲ့ဂီယာဘောက် တွဲဆက်ရာတွင် အကြောင်းအရင်းတစ်ခုခုကြောင့် ချိန်သားမကိုက်တာခဲ့ရင် အင်ဂျင် စက်နိုးထားချိန်မှာ တုန်ခါနိုင်ပါတယ်။

ဥပမာ အင်ဂျင်နဲ့ဂီယာဘောက် တွဲဆက်ထားတဲ့ ဘရက်ကပ်တွေ ၊ ဘို့နပ်တွေ လျော့နေရင် အင်ဂျင်တုန်ခါနိုင်ပါတယ်။

◼️နောက်ပြီး ဂီယာဘောက်နဲ့ဘီးကြား ဆက်စပ်ထားတဲ့ propeller shaft (လှည့်ဝင်ရိုး) ၊ မောင်းနှင်ဝင်ရိုး (drive shaft) ၊ ကရောင်းအုံ (differential gear) ၊ ဒူးဆစ်များ (universal joint) တို့မကောင်းခြင်းသည်လည်း ကားတုန်ခါခြင်း၏ စတုတ္ထ အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

◼️နောက်ထပ် တစ်ချက်ကတော့ alignment မမှန်ခြင်းကြောင့် ကားဘီးတာယာတွေစားပြီး ကားမောင်းနှင်တဲ့အခါ အနည်းနဲ့အများတုန်ခါခြင်းကိုဖြစ်ပေါ်စေပါတယ်။

ကားရဲ့ chassis စနစ်လို့ခေါ်ရမည့် ကားအောက်ပိုင်းမှာ အဓိက ပါဝင်အလုပ်လုပ်နေတဲ့ လေးထုတ်များ ၊ ကွိုင်စရင်များ ၊ တိုးရှင်းဘားများ ၊ လိပ်ပြာတန်းများ ၊ ရှော့အိပ်ရှော့ဘားများ ၊ လပ်ရုံးမောင်းတံများ ၊ ဘောဂွိုင့်များ ၊ နှုတ်ခမ်းမွှေးတန်းများ စတဲ့ အစိတ်အပိုင်းတွေ မကောင်းရင် ကားတုန်ခါပါတယ်။

ကားစတီယာရင် အစိတ်အပိုင်းတွေ မကောင်းရင်လည်း ကားတုန်ခါတက်ပါတယ်။

ဥပမာအားဖြင့် ကားကြီးတွေမှာ စတီယာရင်ပြုပြင်တာဘဲဖြစ်ဖြစ် ၊ စတီယာရင်ဟိုက်ဒရောလစ်ဆီလည်းတာပဲဖြစ်ဖြစ် calibration (ပရိုဂရမ်) မထည့်မိခဲ့ရင် ကားမောင်းမကောင်းတော့ဘဲ စူးစူးဝါးဝါးအသံထွက်တက်ပြီး ကားစတီယာရင် တုန်ခါတက်ပါတယ်။ တိုက်ရော့ ၊ ဘော့ဂျိုင့် ၊ ဝှီးဘယ်ရာရင်တွေကြောင့်လည်း စတီယာရင်တုန်တက်ပါတယ်။

ကားဘော်ဒီပိုင်း ထုတ်လုပ်မှု အားနည်ခြင်းကြောင့်၎င်း ကားတွေကို အင်ဂျင်နဲ့ဂီယာအလုံးလိုက်ချိန်းတဲ့အခါ အစီအငေါ်မတည့်မှု့ကြောင့်
ကားအစိတ်အပိုင်းနေရာတစ်ခုကနေ အသံထွက်လာတာမျိုးကြုံရတက်ပါတယ်။

ဥပမာအားဖြင့်
ကားဒပ်ဘုတ်ကနေ "ကျီကျီ " အသံမျိုးတွေ ထွက်တက်ပါတယ်။ ထိုပြဿနာမျိုးသည် ကားဘော်ဒီပြန်ထုရတဲ့ တိုက်ကြေကားတွေမှာ အဖြစ်များပါတယ်။

တခါတလေ Air Con ပိုင်းပြင်ရင်းးကားဒပ်ဘုတ်တွေ ခွာတဲ့အခါ သူ့ရဲ့ ဆိုင်ရာဆိုင်ရာ စပယ်ရှယ်တူးတွေ မသုံးဘူးဆိုရင်လဲ ပြန်တပ်ဆင်တဲ့အခါမှာ ထန်ကရိုင်းမကျတော့ဘဲ အသံထွက်တာမျိုးရှိတက်ပါတယ်။

နောက် ဘို့ တွေ နပ်တွေကို ဆိုင်ရာဆိုင်ရာ (torque sequence) အတိုင်းသေချာမကြပ်ဘူးဆိုရင်လည်း ကားတုန်ခါမှုဖြစ်ပြီး အသံထွက်တက်ပါတယ်။

ဒါ့အပြင် ကားတစ်စီးသက်တမ်းကြောင့် ကာဘာကြောလျော့ပြီး ကားအသံမျိုးစုံထွက်တက်သေးပါတယ်။

ဘယ်ကအသံထွက်တယ်ဆိုတာမျိုးကိုတော့ ကားဝါသနာပါပြီးလေ့လာထားသူတွေဆိုရင်
အောက်ပိုင်းကလား၊အင်ဂျင်ဂီယာ ပိုင်းကလား၊
ဘော်ဒီချက်ဆီပိုင်းကလား၊ ဒပ်ဘုတ်ပိုင်းကလားဆိုတာ အသံကိုသေချာနားထောင်းရင် ခွဲခြားရှာဖွေလို့ရပါတယ်။


#မူရင်းရေးသားသူအားcreditပေးပါသည်။
ဗဟုသုတရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

Gasoline Knocking vs Diesel Knocking (မီးသံခေါက်ခြင်း) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Knocking...
20/09/2026

Gasoline Knocking vs Diesel Knocking
(မီးသံခေါက်ခြင်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Knocking ဆိုတဲ့ မီးသံခေါက်တာနဲ့ ပတ်သတ်ပြီး ကားမောင်းသူတွေ မစိမ်းပါဘူး။

ထိန်းသိမ်းပြုပြင်မှု နည်း/မရှိ တဲ့ကားဟောင်းတွေပေါပြီးအရည်အသွေး မကောင်းတဲ့ လောင်စာဆီတွေပေါများတဲ့ ကျွန်တော်တို့ တိုင်းပြည်ကြီးမှာ ကားတွေမီးသံ ခေါက်တာ သဘာဝ ပါပဲ။

ကာဗွန်ဆေးလိုက် ပြီးတော့လည်းပလပ်အတုတွေအင်ဂျင်ဝိုင်အတုတွေ လဲလိုက်(အများစုကိုပြောတာပါ) ဒီဆီပဲပြန် သုံးလိုက်နဲ့ သံသရာလည်ပြီး နောက်ဆုံးတော့ အင်ဂျင်/ဂီယာဘောက်စ် အလုံးလိုက်လဲကြ ရမှာပါပဲ။ ဟုတ်ကဲ့ သီအိုရီရေးပါတော့မယ်။

၁။ ဓာတ်ဆီအင်ဂျင် knocking

Combustion သီအိုရီ (Post. No.29) တုန်းကရေးခဲ့ သလိုပါပဲ။ Petro engine မှာ လေနဲ့ဆီ အရောကို ပစ္စတင်ရဲ့ ဖိအားပေးရောစပ်မှုရရှိပြီး ပလပ်ကနေ Initiation အစပျိုးပေးလိုက်တဲ့ မီးညွန့်ဟာ လောင်စာ ဆီ အမှုန်လေးတွေကို မီးနဲ့လိုက်တို့ပြီးစားလိုက် သလိုပါ။ မီးညွန့်ကျယ်ပြန့်လာသလို လောင်စာဆီတွေ လည်း လိုက်ကုန်ပေးရပါတယ်။ ဒါကပုံမှန်ပါ။ အဲ့လို မဟုတ်ဘဲ မီးညွန့်ရောက်မလာသေးခင် သူ့ဟာသူ လောင်စာတွေက ထ ပြီးလောင်ရင်တော့ ပလပ်က မီးညွန့်ကြောင့် လောင်တာကတစ်ဖက် သူ့ဟာသူ မီးညွန့်ထွက်ပြီးလောင်တာကတစ်ဖက်နဲ့ လောင်ကျွမ်းမှု တစ်ခုတည်းမဟုတ်တော့ဘဲ စုပုံလောင်ကုန်လို့ ဖိအားတွေရုတ်တရက်မြင့်လာပြီး ပစ္စတင်ကို ဝိုင်းထုတဲ့ အခါ မီးသံခေါက်ပါ တော့တယ်။ သူ့ဟာသူထ ပြီး လောင်ရတာကတော့ အင်ဂျင်အပူတက်တာ။
မူလအင်ဂျင် ပေါက်ကွဲခန်းဒီဇိုင်းမမှန်တာနဲ့လောင်စာ ဆီ အရည်အသွေးမကောင်းတာ(အောက်တိန်းနိမ့်တာ) တွေကြောင့်ပါ။

နောက်တစ်ခုက ဆလင်ဒါ နဲ့ ပလပ်တွေမှာ ကာဗွန်ဂျိုးတွေများပြီး အပူတက်တာနဲ့ မီးပွင့်ကုန်ပြီး Hot spot အနေနဲ့ လောင်စာကို အစပျိုးမှုဖြစ်သွားစေတဲ့ Preignition ကြောင့်ပါ။ ဓာတ်ဆီအင်ဂျင် ကတော့ရှင်းပါတယ်။

၂။ Diesel engine knocking

ဒီဇယ်အင်ဂျင်မှာ ဖြစ်တာကတော့ လောင်ကျွမ်းခန်း Combustion Chamber ထဲမှာ လောင်စာဆီ အကုန်မီးမလောင်ဘဲ ကျန်ခဲ့တဲ့ လောင်စာဆီက ထပ်ဝင်လာတဲ့ ဆီအသစ်တွေနဲ့ရောပြီး စုပြုံ လောင်ကျွမ်း လိုက်တဲ့အခါ ဖိအားရုတ်တရက် တက် လာပြီး ပစ္စတင်ကို ဝိုင်းထုသောကြောင့် Knocking ဖြစ်ပါတယ်။
ဒီဇယ်ဆီဟာ လောင်ကျွမ်းဖို့ နောက်ကျ ကျန်ခဲ့ရတဲ့ ပထမအကြောင်းကတော့ ဒီဇယ်အင်ဂျင်မှာ လေကိုသီးသန့် စုပ်ယူပြီး အပူချိန် ၅၀၀ ဒီဂရီ ဆဲလ်ဆီးယက်စ် အထက် ရောက်အောင် ဖိအား ၅၀ ဘား လောက်နဲ့ combustion chamber ထဲကိုဖိ ပါတယ်။

အဲ့အချိန် ဒီဇယ်ဆီကိုဖြန်းတဲ့အခါ ဒီဇယ်ဆီ စက် droplet တွေဟာ ပူနေတဲ့ လေတွေဆီက အပူ ရယူပြီး အငွေ့ပျံပါတယ်။ အငွေ့ပျံပြီးတဲ့ ဒီဇယ်ဆီဟာ လေနဲ့ရောစပ်ပါတယ်။ အဲ့အတွက်အချိန်ယူပါတယ်။ Physical delay လို့သတ်မှတ်ပါတယ်။ ဒုတိယအဆင့် အနေနဲ့ ဒီဇယ်ဆီဟာ လေထဲက အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး လောင်ကျွမ်းမှုပြုလုပ်ဖို့လည်း အချိန်တစ်ခု ယူရပါတယ်။ အာ့ကတော့ Chemical Delay ပါ။ အဲ့ဒီ Delay time ၂ ခုသာ လိုတာထက်ပိုကြာသွားရင် လောင်ကျွမ်းဖို့ မမှီလိုက်တဲ့ ဆီတွေကျန်ခဲ့ပါမယ်။ ကျန်ခဲ့တဲ့ဆီ တွေဟာ နောက်ထပ် ဝင်လာတဲ့ဆီတွေနဲ့ ရောပေါင်းမိပြီး လောင်သွားရင်တော့ Detonation လိုပြင်းထန်တဲ့လောင်ကျွမ်းခြင်းတွေဖြစ်လာတာပါ။ Physical delay ကိုလျှော့ဖို့ အင်ဂျင်ထဲမှာ လေနဲ့ လောင်စာဆီဟာ အရှိန်ပြင်းပြင်းရောသွားရန် လိုပါတယ်။ turbulence အခြေအနေဖြစ်နေရ ပါမယ်။ Chemical delay ကိုလျော့ဖို့ကတော့ ဆလင်ဒါ အပူချိန်မြင့်နေရပါမယ်။ အပူချိန်မြင့်မှ ဒီဇယ်မြန်မြန် အငွေ့ပျံပြီး အောက်စီဂျင်နဲ့ ဓာတ်ပြုမှုပိုမြန်မှာပါ။ အဝင်လေအပူချိန်များလေ ကောင်းလေဖြစ်ပြီး ဆီရဲ့ မီးလောင်နိုင်မှုအပူချိန် နိမ့်ရပါမယ်။ ဒီဇယ်မှာ Cetane number နဲ့ပြောရတဲ့အတွက် cetane numberမနိမ့်ရပါဘူး။ Cetane number မြင့်မှ အချိန်တိုတွင်း မီးလောင် နိုင်မှာဖြစ်ပါတယ်။ ပုံမှန်ကတော့ 45~55 အတွင်း ရှိရပါမယ်။ Delay time လျော့သွားတဲ့အတွက် အပြည့်အဝလောင်ကျွမ်းဖို့အချိန်ပိုရသွားပါမယ်။
ဓာတ်ဆီ နဲ့ ဒီဇယ် အင်ဂျင်knocking မဖြစ်အောင် ကာကွယ်ရမယ့်အချက်တွေကတော့ ပြောင်းပြန်တွေ ဖြစ် နေတာကို ထူးထူးခြားခြားတွေ့ရမှာပါ။

▪️1. ဖိအားအချိုး (Compression ratio)
ဒီဇယ်မှာ မြင့် ရပြီး ဓာတ်ဆီမှာ နိမ့်ရပါမယ်။ ဓာတ်ဆီမှာ CR အချိုး မြင့်လေ Octane အမြင့်လိုက်သုံးရလေပါပဲ။

▪️2. Cylinder temperature
ဒီဇယ်မှာ မြင့်ရပြီး ဓာတ်ဆီမှာနိမ့်ရပါမယ်။
▪️3. Intake air temperature
ဒီဇယ်မှာမြင့်တာကောင်းပြီး ဓာတ်ဆီမှာ နိမ့်ရပါမယ်။
▪️4. Combustion
ဒီဇယ်မှာ ဆီလောင်ကျွမ်းမှု မြန်ရမှာဖြစ်ပြီး ဓာတ်ဆီမှာ နှေးပြီးလောင်ကျွမ်းရပါမယ်။
အင်ဂျင်မှာ ဓာတ်ဆီဖြစ်ဖြစ် ဒီဇယ်ဖြစ်ဖြစ် knocking ဖြစ်ပေါ်စေမယ့် Abnormal combustion မျိုးမလိုလားပါကြောင်းဖြင့်။

Crd to original wiriter 🙏
မူရင်းရေးသားသူအားလေးစားစွာ Creditပေးပါသည်
ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်

ကားအောက်ပိုင်းက မြည်သံတွေ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~▪️1. စတီယာရင်အကွေ့တွေမှာ ရှေ့ဘီးတွေက ...
19/09/2026

ကားအောက်ပိုင်းက မြည်သံတွေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
▪️1. စတီယာရင်အကွေ့တွေမှာ ရှေ့ဘီးတွေက "တောက်တောက်" မြည်တာဒူးဆစ်အသံပါ

▪️2. 50-60 km/h မှာ "လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင် Hub Ball ပဲ။

▪️3. ဘရိတ်နင်းရင်"တောက်တောက်"မြည်တာက ဘရိတ်ရှုးချောင်နေတာ ( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။

▪️4. ဘရိတ်မှေးထားတဲ့အချိန် စထွက်တဲ့အချိန် တကျွီကျွီမြည်တာက ဘရိတ်ရှုးအသားနဲ့ ဒရမ်မျက်နှာပြင်ကြောင့်။

▪️5. ကားဘယ်ညာယိမ်းတဲ့အချိန် တဂျောက်ဂျောက်မြည်တဲ့အသံက လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ် ( အသံတော်တော်ဆိုးတယ် )။

▪️6. အောက်ပိုင်းက ကလုတ်ကလုတ်အသံထွက်နေတယ်၊ ဘရိတ်မှေးထားရင်ပျောက်တယ်ဆိုတာက ဘရိတ်ပင်ချောင်နေတာ။

▪️7. ကားကအရှိန်တစ်ခုရောက်လာချိန်မှာ တစ်စီးလုံးတုန်လာတာ၊ ရှေ့ယက်ကားတွေမှာဆိုရင် အတွင်းဒူးဆစ်ခွက်တွေစားနေတာကြောင့် အဖြစ်များတယ်။

▪️8. စတီယာရင်ဂန်းဘွတ်စားနေရင် ညာမောင်းဆိုရင် ဘယ်ဘက်က ဂန်းရှပ်ဖ် ရိုက်သံကြားရ၊ ဘယ်မောင်းဆို ညာဘက်က ကြားရတယ်။

▪️9. ချိုင့်ထဲကျတိုင်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြစ်နေတာကတော့ ရှော့ဘားတွေ ထောက်တန်းဘွတ်တွေ ရှော့ဘားအထိုင်တွေ မကောင်းတာကြောင့်ဖြစ်တတ်ပါတယ်။

▪️10. စတီယာရင်လှည့်တိုင်း ညီးသံထွက်နေတာကတော့ ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။

▪️11. တိုင်းရော့၊ မိန်းလုံး၊ ဘောဂျွိုင်းအသံတွေမြည်နေတာကတော့ ဒီအတိုင်းခွဲရခက်တယ် ဘီးဖြုတ်စစ်ကြည့်ရင်တော့ သိသာပါတယ်။

သာယာငြိမ့်ညောင်းစွာ ကားမောင်းနိုင်ကြပါစေဗျာ။

Credit
မူရင်းရေးသားသူအားလေးစားစွာဖြင့်creditပေးပါသည်။
ဗဟုသုတ ရစေရန်ပြန်လည်မျှဝေခြင်းဖြစ်သည်

Address

Yone Gyi Street
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+95973003881

Website

Alerts

Be the first to know and let us send you an email when TL Carbon Cleaning Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TL Carbon Cleaning Service:

Shortcuts

Share

Category

Nearby autos & automotive services