28/10/2026
Suzuki Ertiga, Swift, Ciaz, Carry , Carry pro .... Suzuki နှင့်ပက်သတ်ပြီး Maintenance အတွက် ဘာဘဲလိုလို Myo Motor ရှိပါတယ်!
Myo Motor
အမှတ် ( ၁၉၂ )၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
ဖုံး ။ ။ 09-777440020, 09-777440030
Myo Motor Service Center
အမှတ် ( ၂၄၈ )၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
ဖုံး ။ ။ 09-791524000, 09-791525000
Drive Belt ကို ပုံမှန် စစ်ဆေးဖို့ လိုအပ်ရဲ့လား?
အင်ဂျင်လည်ပတ်နေချိန်မှာ Alternator, Water pump နဲ့ Aircon compressor တို့ လည်ပတ်နိုင်အောင် Drive Belt က ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။
Drive Belt ကိုတော့ အဓိကအားဖြင့် ရာဘာဖြင့် ပြုလုပ်ထားတဲ့အတွက် အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ Drive Belt မှာ မာကျောလာခြင်း၊ အက်ကွဲကြောင်းဖြစ်လာခြင်းနဲ့ တင်းအားလျော့လာခြင်းတွေ ဖြစ်နိုင်တာကြောင့် ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
Drive Belt လျော့နေရင် (ဒါမှမဟုတ်) ဟောင်းနွမ်းနေရင် ဘာတွေဖြစ်လာနိုင်မလဲ?
- အင်ဂျင်ခန်းမှ ပုံမှန်မဟုတ်တဲ့ အသံထွက်ခြင်း
- ဘက်ထရီအားဝင်မှု မလုံလောက်ခြင်း
- ကားအဲကွန်း အေးမြမှု လျော့ကျခြင်း
- အင်ဂျင် Overheat ဖြစ်စေနိုင်ခြင်း စတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
အဆိုးဆုံးအနေဖြင့် ကားမောင်းနေစဉ် ရုတ်တရက် Drive Belt ပြတ်သွားတဲ့အခါမှာ ဆိုရင်တော့ ကားဘက်ထရီကို အားပြန်မဝင်တော့ခြင်း၊ ကားအဲကွန်း လုံးဝမအေးတော့ခြင်း၊ အင်ဂျင် Overheat ဖြစ်ခြင်းနဲ့ အင်ဂျင်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။
ကားကိုမောင်းနှင်အသုံးပြုမှု နည်းနေပေမယ့်လည်း အချိန်ကြာလာတဲ့ Drive Belt တွေမှာလည်း ဘတ်ကြိုးရဲ့ တင်းအားနဲ့ ကြံ့ခိုင်မှုအခြေနေကို စစ်ဆေးထားဖို့ အရေးကြီးပါတယ်။
ဒါကြောင့် Drive Belt ပြတ်သွားတဲ့အထိ စောင့်မနေဘဲ လူကြီးမင်းတို့ရဲ့ကားကို Periodic Maintenance ပြုလုပ်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Center တွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်တွေကို အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer